Africa & Middle East
ဆော်ဒီအာရေဗျ နိုင်ငံက နိုင်ငံတွင်း ပထမဆုံးအနေဖြင့် ရုပ်ရှင် ပြဇာတ်ရုံ ဆောက်လုပ်မည်

ရီယာ့ဒ်၊ ဒီဇင်ဘာလ ၁၄ ရက် (ဆင်ဟွာ)
ဆော်ဒီအာရေဗျနိုင်ငံ ရုပ်ရှင်ရုံ ကော်မတီ က ပထမဆုံး ရုပ်ရှင် ပြဇာတ်ရုံ အား ရှေးရိုးစွဲ အစ္စလာမ်မစ် နိုင်ငံတော် အတွင်း ဆောက်လုပ်သွားမည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၁၃ ရက်နေ့က ပြောကြားခဲ့သည်။
ကော်မတီ သည် မြို့တော် ရီယာ့ဒ် တွင် ပြဇာတ်ခန်းမ တည်ဆောက်ရန် ကနဦး သဘောတူညီချက် အား လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါ ရုပ်ရှင် ပြဇာတ်ရုံ ဆိုင်ရာ လုပ်ဆောင်ချက်များသည် ဆော်ဒီအာရေဗျနိုင်ငံ ၏ အစ္စလာမ် ဘာသာ နှင့် ရိုးရာဓလေ့များ နှင့် ကိုက်ညီ ရမည်ဖြစ်ကြောင်း သိရသည်။
ဆော်ဒီအာရေဗျ နိုင်ငံ တွင် ဘာသာရေး အကြောင်းပြချက်များ ကြောင့် ရုပ်ရှင် ရုံ ခန်းမ များ ထားရှိခြင်း မရှိကြောင်း သိရသည်။
အဆိုပါ ကြေညာချက်သည် မြူနီစပယ်ရွေးကောက်ပွဲ အတွင်း အများပြည်သူ ဆိုင်ရာ ရုံး ၌ ဆော်ဒီအာရေဗျ အမျိုးသမီး ၁၇ ဦး မဲပေးပြီးနောက် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း နိုင်ငံပိုင် သတင်း စာမျက်နှာတွင် ဖော်ပြ ထားကြောင်းသိရသည်။
ယခု အကြိမ်သည် မြူနီစပယ် စစ်တမ်း ကောက်ယူမှုများတွင် အမျိုးသမီးများ အနေဖြင့် ပထမဆုံး ဝင်ရောက် မဲပေးခွင့် ရရှိခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)