Connect with us

Africa & Middle East

ဇမ်ဘီယာနိုင်ငံ က ရဲတပ်ဖွဲ့ နေအိမ်များ တည်ဆောက်ရန် တရုတ်နိုင်ငံ မှ အမေရိကန်ဒေါ်လာ ၂၇၅သန်း ချေးငွေ စာချုပ် ချုပ်ဆိုရန် အတည်ပြု

ဇမ်ဘီယာနိုင်ငံ သမ္မတ Edgar Lungu အား ဆင်ဟွာ သတင်းဌာန မှပြုလုပ်သည့် အင်တာဗျူး တစ်ခု၌ တွေ့ရစဉ် (ဆင်ဟွာ)

လူဆာကာ၊ ဒီဇင်ဘာလ ၁၆ ရက် (ဆင်ဟွာ)

ဇမ်ဘီယာနိုင်ငံ ဝန်ကြီးအဖွဲ့သည် ရဲတပ်ဖွဲ့ နှင့် အခြား လုံခြုံရေး တပ်ဖွဲ့များအတွက် နေအိမ် များတည်ဆောက်ရန် တရုတ် စက်မှုလုပ်ငန်း နှင့် စီးပွားရေး ဘဏ် (ICBC) မှ အမေရိကန်ဒေါ်လာ ၂၇၅သန်း ချေးငွေ စာချုပ် ချုပ်ဆိုရန် ဒီဇင်ဘာလ ၁၅ ရက်နေ့က အတည်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ ချေးငွေ များသည် ဇမ်ဘီယာနိုင်ငံ ရဲတပ်ဖွဲ့၊ လူဝင်မှု ကြီးကြပ်ရေးဌာန၊ ဇမ်ဘီယာနိုင်ငံ အကျဉ်းဦးစီး ဌာန များအတွက် နေအိမ်ပေါင်း ၂၀၀၀ ကျော် ဒီဇိုင်းရေးဆွဲခြင်း နှင့် ဆောက်လုပ်ခြင်း လုပ်ငန်းများ အပြီးသတ် လုပ်ဆောင်ခြင်းအတွက် ထောက်ပံ့ပေးရန် ရည်ရွယ်ကြောင်း ဒီဇင်ဘာလ ၁၄ ရက် နေ့ ဝန်ကြီးများ အစည်းအဝေးပွဲပြီးနောက် ထွက်ပေါ်လာသည့် ထုတ်ပြန်ချက်အရသိရသည်။

ဇမ်ဘီယာနိုင်ငံ လုံခြုံရေးတပ်ဖွဲ့များ သည် နေအိမ် အလုံးပေါင်း ၁၂၀၀၀ လိုအပ်မှု နှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ဇမ်ဘီယာနိုင်ငံ သမ္မတ Edgar Lungu သည် အောက်တိုဘာလ တွင် နိုင်ငံ ၏မြို့တော် လူဆာကာ ၌ လုံခြုံရေး တပ်ဖွဲ့များအတွက် နေအိမ်အလုံးပေါင်း ၂၈ လုံးအား ပထမ အသုတ်အနေဖြင့် ဆောက်လုပ်ပေးခဲ့ကြောင်း သိရသည်။

နေအိမ် စုစုပေါင်း ဆောက်လုပ်မှု ကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ၃၂၀ သန်းကုန်ကျကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.