Africa & Middle East
ဆူဒန်ရှိ သံအမတ် သေဆုံးကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီး အတည်ပြု

မော်စကို၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)
ဆူဒန်နိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး Mirgayas Shirinsky သေဆုံးမှုအား ရုရှား နိုင်ငံခြားရေးဝန်ကြီးက သြဂုတ်လ ၂၃ ရက်တွင် အတည်ပြုပြောကြားလိုက်ကြောင်း သိရသည်။
“သြဂုတ်လ ၂၃ ရက်က ဆူဒန်နိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး Mirgayas Shirinsky က ခါတောင်မ်မြို့မှာ သေဆုံးသွားခဲ့ကြောင်း ကျွန်တော်တို့ ဝမ်းနည်းစွာနဲ့ သတင်းပေးအပ်ပါတယ်” ဟု ရုရှား နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန၏ ပြန်ကြားရေးဋ္ဌာနဆိုင်ရာက ပြောကြားခဲ့သည်။ ခါတောင်မ်မြို့သည် ဆူဒန်နိုင်ငံ၏ မြို့တော် ဖြစ်သည်။
သံအမတ် သေဆုံးရခြင်းနှင့် ပတ်သက်သည့် သတင်းအား ရရှိသည့် အသေးစိတ် အချက်အလက်ပေါ် မူတည်၍ မြန်နိုင်သမျှ မြန်မြန် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ဝန်ကြီးဋ္ဌာနက ဆိုသည်။
အစောပိုင်း သတင်းများအရ ရုရှား သံအမတ် Shirinsky အား သြဂုတ်လ ၂၃ ရက်တွင် ၎င်း၏ နေအိမ်အတွင်းမှာ သေဆုံးနေကြောင်း တွေ့ရှိခဲ့ရပြီး သေဆုံးရသည့် အကြောင်းရင်းအား မသိရှိရသေးပေ။
Shirinsky အား ၁၉၅၄ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ဆူဒန်နိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီးအဖြစ် ၂၀၁၃ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)