Connect with us

Africa & Middle East

စွမ်းအင် လုပ်ထုံးလုပ်နည်းများ ပူးပေါင်းဆောင်ရွက်မှု တည်ထောင်ရေး တရုတ်နှင့် ဆော်ဒီ သဘောတူညီမှု ရရှိ

တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ကျန်းကောလိ (ဝဲ) နှင့် ဆော်ဒီအာရေဗျနိုင်ငံ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆဲလ်မန်တို့အား သြဂုတ်လ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျက်ဒါ၊ ဆော်ဒီအာရေဗျ၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

နှစ်နိုင်ငံ စွမ်းအင်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ပူးပေါင်းဆောင်ရွက်မှု တည်ထောင်ရေးအတွက် တရုတ်နှင့် ဆော်ဒီအာရေဗျ တို့က သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ကျန်းကောလိသည် ဆော်ဒီနိုင်ငံ ခရီးစဉ်အတွင်း ဂျက်ဒါရှိ Saudi Red Sea အပန်းဖြေ အိမ်ရာ၌ ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆဲလ်မန်နှင့် တွေ့ဆုံစဉ် ယခုလို သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

၎င်းတို့ နှစ်ဦး တွေ့ဆုံစဉ် စွမ်းအင်၊ ငွေကြေးနှင့် စက်မှုဆိုင်ရာ စွမ်းအင် စသည့် နယ်ပယ်များ၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကျယ်ပြန့်သော သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ရေနံဓာတု စီမံကိန်းများ၊ လုံခြုံရေးကိစ္စများ၊ နိုင်ငံတကာ ဆွေးနွေးညှိနှိုင်းခြင်းများ တိုးမြှင့်ခြင်းဖြင့် နှစ်နိုင်ငံ ကျယ်ပြန့်သော မဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေး ပိုမို တိုးမြှင့်သွားရန် နှစ်နိုင်ငံ သဘောတူခဲ့ကြသည်။

ပြီးခဲ့သည့်နှစ်က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဆော်ဒီသို့ လာရောက်ခဲ့စဉ်က ချမှတ်ခဲ့သော လုပ်ထုံးလုပ်နည်းဆိုင်ရာ ပုံမှန်အစည်းအဝေး တစ်ခုဖြစ်သော အဆင့်မြင့် ဦးဆောင် ကော်မတီ ဒုတိယမြောက် အစည်းအဝေး၌ သြဂုတ်လ ၂၄ ရက်က ကျင်းပခဲ့ပြီး ကျန်းနှင့် မိုဟာမက်တို့က ပူးတွဲ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

ပထမအကြိမ် အစည်းအဝေးကိုမူ ပြီးခဲ့သည့်နှစ်က တရုတ်နိုင်ငံ ပေကျင်းတွင် ပြုလုပ်ခဲ့သည်။

ယခု ဒုတိယအကြိမ်မြောက် အစည်းအဝေး၌ ဆော်ဒီ ဘုရင် ဆဲလ်မန် ဘင် အဗ္ဗဒူလာဇစ် အယ်လ် ဆော့ဒ်က တရုတ်သို့ လာရောက်လည်ပတ်ခဲ့သလို တရုတ် ခေါင်းဆောင် အများအပြားလည်း ဆော်ဒီအာရေဗျသို့ လာရောက်လည်ပတ်ခဲ့သည်ကို မှတ်ချက်ပြု ပြောကြားခဲ့သလို နှစ်နိုင်ငံ ရင်းနှီးစွာ အဆင့်မြင့် ဖလှယ်မှုများအား ထိန်းသိမ်းသွားရန် နှစ်နိုင်ငံလုံးက သဘောတူခဲ့ကြသည်။

ထို့ပြင် ကျန်းနှင့် မိုဟာမက်တို့သည် ယဉ်ကျေးမှု၊ ပညာရေး၊ ကျန်းမာရေး၊ နည်းပညာ၊ ခရီးသွားလုပ်ငန်းနှင့် သတင်းစာပညာ စသည့် နယ်ပယ်များတွင် ဖလှယ်ရေးနှင့် ခိုင်မာစွာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူခဲ့ကြသည်။

ထို့နောက် နှစ်နိုင်ငံ ခေါင်းဆောင်များ၏ ရှေ့မှောက်၌ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှု၊ စွမ်းအင်၊ စာတိုက်လုပ်ငန်း၊ ဆက်သွယ်ရေးနှင့် မီဒီယာ လုပ်ငန်းများ ပါဝင်သည့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များအား နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြသည်။

ယင်းနေ့ အစောပိုင်း၌ ကျန်းသည် ဆော်ဒီ ဘုရင် ဆဲလ်မန်နှင့်လည်း တွေ့ဆုံခဲ့သည်။

ဆော်ဒီအာရေဗျနိုင်ငံသည် ကျန်း၏ လေးနိုင်ငံ ခရီးစဉ်အတွင်း ဒုတိယမြောက် ရောက်ရှိခဲ့သည့် နိုင်ငံဖြစ်သည်။ ဆော်ဒီပြီးနောက် ကျန်းသည် ဆူဒန်နှင့် နမီးဘီးယား နိုင်ငံများသို့ ဆက်လက် ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.