Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းတွင် တာလီဘန် စစ်သွေးကြွ ၂၄ ဦး လက်နက်ချ

အာဖဂန်နစ္စတန်နိုင်ငံ၌ လက်နက်ချခြင်းအခမ်းအနားတွင် ပါဝင်ကြသော တာလီဘန်နှင့် အိုင်အက်စ် စစ်သွေးကြွများအား တွေ့ရစဉ် (ဆင်ဟွာ)

ဖိုင်ဇာဘတ်၊ အာဖဂန်နစ္စတန်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ဘာဒတ်ခ်ရှန်ပြည်နယ်၌ အာဖဂန်စစ်တပ်ထံ တာလီဘန်စစ်သွေးကြွ ၂၄ ဦး လာရောက်လက်နက်ချခဲ့ကြောင်း စစ်တပ်သတင်းရင်းမြစ်တစ်ဦးက စက်တင်ဘာလ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

“ဘာဒတ်ခ်ရှန်ပြည်နယ်၊ ယမ်ဂန်ခရိုင်မှာ စက်တင်ဘာလ ၁၅ ရက် ညနေပိုင်းက အာဖဂန် အမျိုးသားတပ်ဖွဲ့ထံ တာလီဘန် စစ်သွေးကြွ ၂၄ ဦးက လက်နက်ချပြီး သူတို့ရဲ့ လက်နက်တွေကို လွှဲပြောင်းပေးခဲ့ပါတယ်” ဟု အာဖဂန် အမျိုးသားပူးပေါင်းတပ်ဖွဲ့က ကြေညာချက်တွင် အတည်ပြုပြောကြားထားသည်။

လက်နက်ချသည့် စစ်သွေးကြွများတွင် တပ်မှူး ကာရီစူလ်တန် (Qari Sultan) ပါဝင်ကြောင်း ကြေညာချက်အရ သိရသည်။

“တာလီဘန်စစ်သွေးကြွတွေ မှန်ကန်တဲ့လမ်းကြောင်းပေါ်လှည့်သွားကြတာ ကျွန်တော်တို့ တွေ့ခဲ့ကြတယ်။ သူတို့တွေက အာဖဂန်ပြည်သူတွေကို ထိခိုက်နစ်နာအောင် တိုက်ခိုက်နေကြတယ်။ ဒါကြောင့် လမ်းကြောင်းမှားကို စွန့်ခွာပြီး ပြန်လည်ပေါင်းစည်းရေး လုပ်ငန်းမှာ ချိတ်ဆက်ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်” စူလ်တန်၏ ပြောကြားချက်ကို ကိုးကား၍ ကြေညာချက်၌ ဖော်ပြထားသည်။

၎င်းက အဆိုပါ လုပ်ငန်းစဉ်တွင် ပါဝင်ရန် နောက်လိုက် တာလီဘန်အဖွဲ့ဝင်များအား ပြောကြားခဲ့သည်ဟု ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.