Connect with us

Africa & Middle East

အမေရိကန်မူဝါဒများက ဒေသတွင်းပြဿနာဖြစ်ပွားရန် အကြောင်းတရားဖြစ်ကြောင်း အီရန်ပြော

အီရန်နိုင်ငံသမ္မတ ဟန်ဆန်ရိုဟန်နီ မိန့် ခွန်းပြောကြားစဉ်(ဆင်ဟွာ)

တီဟီရန် ၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံသမ္မတ ဟန်ဆန်ရိုဟန်နီ(Hassan Rouhani) က အမေရိကန်မူဝါဒများသည် အရှေ့အလယ်ပိုင်းဒေသ၌ ပြဿနာဖြစ်ပွားရန် အဓိကအကြောင်းတရား ဖြစ်ကြောင်း စက်တင်ဘာ ၁၅ ရက်တွင် ပြောကြားလိုက်သည်။

“ ဒီဒေသမှာ ဘာလို့လာနေ နေတာလဲ။ အဲဒါဟာ မှားယွင်းတဲ့ အစီအစဉ် ရဲ့ ရလဒ်အဖြေပဲ။အမေရိကန်ရဲ့ ပူးပေါင်းလုပ်ကြံမှုတွေပေါ့” ဟု တူရကီနိုင်ငံသို့မထွက်ခွာခင် အီရန်သမ္မတ ရိုဟန်နီက ဆိုသည်။

“ ကျွန်တော်တို့ကအချိန်ကာလအပိုင်းအခြားကို ထုတ်ဖော်ကြေညာခဲ့ပြီးပါပြီ။ ဒေသတွင်းပြဿနာတွေကို ဒေသတွင်းနိုင်ငံတွေကပဲ တွေ့ဆုံညှိနှိုင်း ဖြေရှင်းသွားရမှာပါ” ဟု ရိုဟန်နီ၏ ပြောကြားချက်ကို ကိုးကား၍ နိုင်ငံပိုင် ရုပ်သံက ဖော်ပြခဲ့သည်။

ဒေသတွင်း အမှန်တကယ်တည်ငြိမ်လုံခြုံမှုကို တည်ဆောက်ရန်အတွက် အမေရိကန် နှင့် အစ္စရေး နိုင်ငံတို့သည် ၎င်းတို့၏ “ ရန်စသောကျူးကျော်မှုများ” ကို အဆုံးသတ်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ ထိုသို့မဟုတ်ပါက “ ဒေသတွင်းမလုံခြုံမှု ဆက်လက်ဖြစ်ပေါ်နေမှာကို ကျွန်တော်တို့မျက်မြင်ကိုယ်တွေ့ဖြစ်အုံးမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

တူရကီနိုင်ငံသို့အလည်အပတ်ခရီးစဉ်အတွင်း ရိုဟန်နီသည် ဆီးရီးယားနိုင်ငံအရေးနှင့်ပတ်သက်၍ တူရကီ ၊ ရုရှား ၊ အီရန် သုံးနိုင်ငံဆွေးနွေးပွဲတစ်ခုကို တက်ရောက်သွားမည်ဖြစ်ပြီး လက်တလောဖြစ်ပွားနေသော ဆီးရီယားအရေးအပြင် နိုင်ငံတကာအရေးကိစ္စရပ်များတွင် ၎င်းတို့အကြားပူးပေါင်းဆောင်ရွက်နိုင်မည့် အကြောင်းအရာများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)