Africa & Middle East
Asir မြို့အနီး၌ ရဟတ်ယာဉ်ပျက်ကျ၍ ဆော်ဒီမင်းသားတစ်ပါး သေဆုံး

ရီယတ်ဒ် ၊ နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ)
ဆော်ဒီအာရေးဗီးယားနိုင်ငံ နယ်စပ်မြို့ဖြစ်သော Asir မြို့အနီး၌ ရဟတ်ယာဉ် ပျက်ကျမှုကြောင့် ဆော်ဒီမင်းသား Mansoor bin Mogren သေဆုံးသွားကြောင်း နှင့် မင်းသားနှင့်အတူအခြား အစိုးရအရာရှိများလည်း ရဟတ်ယာဉ်ပျက်ကျမှုတွင် ပါဝင်ကြောင်း Al Akhbariya ဒေသတွင်း မီဒီယာက အတည်ပြုဖော်ပြခဲ့သည်။
အဆိုပါရဟတ်ယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ တရားဝင် အသေးစိတ်အချက်အလက် နှင့် ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါသွားသော အခြားသူများ၏ ကံကြမ္မာကိုမူ ထုတ်ဖော်ပြောကြားထားခြင်းမရှိကြောင်း သိရသည်။(Xinhua)