Connect with us

Africa & Middle East

ဆော်ဒီမြို့တော်ရှိ လေဆိပ်အား ဟူသီသူပုန်များ ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်

ယီမင်သူပုန်များ၏ တိုက်ချင်းပစ်ဒုံးကျည်များအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆာနား၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

ယီမင်နိုင်ငံမှ ရှီယိုက် ဟူသီသူပုန်များသည် ဆော်ဒီနိုင်ငံမြို့တော် ရီယာ့ဒ်မြို့ ရှိ ဘုရင်ခါလဒ် အပြည်ပြည်ဆိုင်ရာလေဆိပ်အား နိုဝင်ဘာ ၄ ရက် ညပိုင်းက တာဝေးပစ်တိုက်ချင်းပစ်ဒုံးကျည်တစ်စင်းဖြင့် ပစ်ခတ်ခဲ့ကြောင်း ဟူသီသူပုန်ပိုင် ဆာဘား သတင်းဋ္ဌာနကဖော်ပြခဲ့သည်။

ဆာဘားသတင်းဋ္ဌာနကဖော်ပြခဲ့သည့် ဟူသီသူပုန်တို့၏ ထုတ်ပြန်ချက်တွင် ၎င်းတို့၏ ဒုံးကျည်တပ်ဖွဲ့သည် နိုဝင်ဘာ ၄ရက်ညပိုင်းတွင် ဘော်ကန် အိတ်ရှ်-၂ အမည်ရှိ တာဝေးတိုက်ချင်းပစ်ဒုံးကျည်တစ်စင်းဖြင့် ရီယာ့ဒ်မြို့ ရှိ ဘုရင်ခါလဒ် အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ဦးတည်ပစ်ခတ်ခဲ့ကြောင်း ပါရှိသည်။

အဆိုပါ ဒုံးကျည်သည် ပစ်မှတ်ကို တိကျစွာ ထိမှန်ခဲ့ကြောင်း ဆာဘားသတင်း၌ ဖော်ပြခဲ့သည်။

တစ်ချိန်တည်းမှားပင် ဆော်ဒီအစိုးရက မြို့တော် ရီယာ့ဒ်မြို့ကို ဟူသီသူပုန်များ ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ကို ဝန်ခံခဲ့ပြီး တိုက်ချင်းပစ်ဒုံးကျည်သည် ပျက်ကျသွားကာ လေဆိပ်၏မြောက်ဘက်ပိုင်းတွင် ပေါက်ကွဲခဲ့ကြောင်း ဆော်ဒီနိုင်ငံပိုင် အယ်-အာရာဘီရား ရုပ်သံလိုင်းကဖော်ပြခဲ့သည်။

ဒုံးကျည်ပစ်ခတ်မှုကြောင့် သေဆုံးသူမရှိသေးကြောင်း ရုပ်သံလိုင်းက ဖော်ပြခဲ့သည်။

လွန်ခဲ့သော ၂နှစ်ခွဲကစ၍ ယီမင်စစ်ပွဲထဲသို့ ဆော်ဒီ ဝင်ရောက်လာသည့်အချိန်ကတည်းက လုပ်ဆောင်ခဲ့သော ယီမင်နိုင်ငံမှ ဟူသီသူပုန်များ၏ တိုက်ခိုက်မှုများအနက် ယင်းတိုက်ခိုက်မှုသည် နောက်ဆုံးတစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)