Connect with us

Africa & Middle East

တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေး ပထမအသုတ် တူရကီနိုင်ငံသို့ ရောက်ရှိ

တူရကီနိုင်ငံ အန်ကာရာမြို့ရှိ Esenboga လေဆိပ်တွင် တရုတ်နိုင်ငံမှ SinoVac COVID-19 ကာကွယ်ဆေးများ ပါဝင်သော သေတ္တာများ အောက်ချနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

အန်ကာရာ၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံ၏ SinoVac COVID-19 ကာကွယ်ဆေး အလုံးရေ သုံးသန်းပါရှိသော ပထမအသုတ်သည် တူရကီနိုင်ငံ မြို့တော်အန်ကာရာသို့ ဒီဇင်ဘာ ၃၀ ရက် အစောပိုင်းက ရောက်ရှိလာခဲ့ကြောင်း သိရသည်။

၁၄ ရက်ကြာ စမ်းသပ်မှုများလုပ်ဆောင်ပြီးနောက် လူအများအပြား ကာကွယ်ဆေးထိုးနှံခြင်း စတင်သွားမည်ဖြစ်ကြောင်း တူရကီ ကျန်းမာရေးဝန်ကြီး Fahrettin Koca က တွစ်တာတွင် ဒီဇင်ဘာ ၃၀ ရက်က ရေးသားခဲ့သည်။

 တူရကီနိုင်ငံ အန်ကာရာမြို့ရှိ Esenboga လေဆိပ်တွင် တရုတ်နိုင်ငံမှ SinoVac COVID-19 ကာကွယ်ဆေးများ ပါဝင်သော သေတ္တာများ အောက်ချနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ SinoVac COVID-19 ကာကွယ်ဆေးများ ပါဝင်သော သေတ္တာများ တူရကီနိုင်ငံ အန်ကာရာမြို့ရှိ Esenboga လေဆိပ်သို့ ရောက်ရှိလာစဉ် (ဆင်ဟွာ)

တူရကီနိုင်ငံ အန်ကာရာမြို့ရှိ Esenboga လေဆိပ်တွင် တရုတ်နိုင်ငံ SinoVac COVID-19 ကာကွယ်ဆေးများ ပါဝင်သော သေတ္တာများ အောက်ချနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ SinoVac COVID-19 ကာကွယ်ဆေးများ ပါဝင်သော သေတ္တာများ တူရကီနိုင်ငံ အန်ကာရာမြို့ရှိ Esenboga လေဆိပ်သို့ ရောက်ရှိလာစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ SinoVac COVID-19 ကာကွယ်ဆေးများ ပါဝင်သော သေတ္တာများ တူရကီနိုင်ငံ အန်ကာရာမြို့ရှိ Esenboga လေဆိပ်သို့ ရောက်ရှိလာစဉ် (ဆင်ဟွာ)

တူရကီနိုင်ငံ အန်ကာရာမြို့ရှိ Esenboga လေဆိပ်သို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံ SinoVac COVID-19 ကာကွယ်ဆေးများ ပါဝင်သော သေတ္တာများ အောက်ချနေသည့် အလုပ်သမားတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

“စမ်းသပ်မှုတွေ ပြီးလျှင်ပြီးချင်း ပြည်သူ့ကျန်းမာရေးညွှန်ကြားမှုဦးစီးဌာနရဲ့ ညှိနှိုင်းဆောင်ရွက်မှုအောက်မှာ ကျွန်တော်တို့ရဲ့ကာကွယ်ဆေးအစီအစဉ် လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

တူရကီနိုင်ငံတွင် ဒီဇင်ဘာ ၂၉ ရက် နှောင်းပိုင်းတွင် COVID-19 အတည်ပြုခံရသူ ၁၅,၈၀၅ ဦး တိုးလာပြီး ကူးစက်ခံရသူ စုစုပေါင်း ၂,၁၇၈,၅၈၀ ဦးထိ ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

တူရကီနိုင်ငံ၌ ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ရောဂါမှ ပြန်လည်ကျန်းမာလာသူ ၂၁,၀၀၄ ဦး ကျော် ရှိလာခဲ့ရာ စုစုပေါင်း ပြန်လည်ကျန်းမာလာသူဦးရေ ၂,၀၅၈,၄၃၇ ဦး အထိ ရောက်ရှိလာခဲ့ကြောင်း နှင့် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်မှာ ၂၅၃ ဦးတိုးလာခဲ့ရာ စုစုပေါင်း သေဆုံးသူ ၂၀,၃၈၈ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

လက်ရှိ တူရကီနိုင်ငံ၌ အပြင်းအထန်ဖျားနာနေသူ လူနာ ၄,၁၉၁ ဦး ရှိကြောင်း ဝန်ကြီးဌာနက ဆိုသည်။

တူရကီနိုင်ငံတွင် ယမန်နေ့က လူဦးရေ ၁၈၃,၁၁၇ ဦးကို ရောဂါစစ်ဆေးမှုပြုလုပ်ခဲ့ရာ စုစုပေါင်း လူ ၂၄,၁၄၁,၉၃၅ ဦးကို စမ်းသပ်စစ်ဆေးမှုလုပ်ဆောင်ခဲ့ပြီးဖြစ်သည်။

တူရကီနိုင်ငံတွင် မတ်လ ၁၁ ရက် က COVID-19 ပထမဆုံး ကူးစက်ခံရကြောင်း သိရသည်။ (Xinhua)

—————————————–

(English Version)

First batch of Chinese COVID-19 vaccines arrives in Turkey
Source: Xinhua| 2020-12-30 19:39:52|Editor: huaxia
ANKARA, Dec. 30 (Xinhua) — The first batch of 3 million doses of China’s SinoVac COVID-19 vaccine arrived in the Turkish capital Ankara early Wednesday.
Mass vaccination will start following 14 days of tests, Turkish Health Minister Fahrettin Koca tweeted Wednesday.
“As soon as the tests are completed, our vaccination program will take place under the coordination of the General Directorate of Public Health,” he added.
Late Tuesday, Turkey added 15,805 COVID-19 cases, pushing the total number of positive cases in the country to 2,178,580, its health ministry said.
The death toll from the virus in Turkey rose by 253 to 20,388, while the total recoveries climbed to 2,058,437 after 21,004 more cases recovered in the last 24 hours.
The country now has 4,191 patients that are seriously ill, said the ministry.
Turkey has conducted a total of 24,141,935 tests, with 183,117 done over the past day.
Turkey reported its first COVID-19 case on March 11. Enditem
1-Workers unload boxes of China’s SinoVac COVID-19 vaccine at Esenboga Airport in Ankara, Turkey, Dec. 30, 2020. The first batch of 3 million doses of China’s SinoVac COVID-19 vaccine arrived in the Turkish capital Ankara early Wednesday. Mass vaccination will start following 14 days of tests, Turkish Health Minister Fahrettin Koca tweeted Wednesday. (Photo by Mustafa Kaya/Xinhua)
2-Workers unload a shipment containing boxes of China’s SinoVac COVID-19 vaccine at Esenboga Airport in Ankara, Turkey, Dec. 30, 2020. The first batch of 3 million doses of China’s SinoVac COVID-19 vaccine arrived in the Turkish capital Ankara early Wednesday. Mass vaccination will start following 14 days of tests, Turkish Health Minister Fahrettin Koca tweeted Wednesday. (Photo by Mustafa Kaya/Xinhua)
3-A shipment containing boxes of China’s Sinovac COVID-19 vaccine arrives at Esenboga Airport in Ankara, Turkey, Dec. 30, 2020. The first batch of 3 million doses of China’s SinoVac COVID-19 vaccine arrived in the Turkish capital Ankara early Wednesday. Mass vaccination will start following 14 days of tests, Turkish Health Minister Fahrettin Koca tweeted Wednesday. (Photo by Mustafa Kaya/Xinhua)
4-Workers unload boxes of China’s SinoVac COVID-19 vaccine at Esenboga Airport in Ankara, Turkey, Dec. 30, 2020. The first batch of 3 million doses of China’s SinoVac COVID-19 vaccine arrived in the Turkish capital Ankara early Wednesday. Mass vaccination will start following 14 days of tests, Turkish Health Minister Fahrettin Koca tweeted Wednesday. (Photo by Mustafa Kaya/Xinhua)
5-A shipment containing boxes of China’s Sinovac COVID-19 vaccine arrives at Esenboga Airport in Ankara, Turkey, Dec. 30, 2020. The first batch of 3 million doses of China’s SinoVac COVID-19 vaccine arrived in the Turkish capital Ankara early Wednesday. Mass vaccination will start following 14 days of tests, Turkish Health Minister Fahrettin Koca tweeted Wednesday. (Photo by Mustafa Kaya/Xinhua)
6-A shipment containing boxes of China’s Sinovac COVID-19 vaccine arrives at Esenboga Airport in Ankara, Turkey, Dec. 30, 2020. The first batch of 3 million doses of China’s SinoVac COVID-19 vaccine arrived in the Turkish capital Ankara early Wednesday. Mass vaccination will start following 14 days of tests, Turkish Health Minister Fahrettin Koca tweeted Wednesday. (Photo by Mustafa Kaya/Xinhua)
7-A worker unloads boxes of China’s SinoVac COVID-19 vaccine at Esenboga Airport in Ankara, Turkey, Dec. 30, 2020. The first batch of 3 million doses of China’s SinoVac COVID-19 vaccine arrived in the Turkish capital Ankara early Wednesday. Mass vaccination will start following 14 days of tests, Turkish Health Minister Fahrettin Koca tweeted Wednesday. (Photo by Mustafa Kaya/Xinhua)