Connect with us

Africa & Middle East

လက်ဘနွန်နိုင်ငံတွင် လောင်စာသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွား ၊ အနည်းဆုံး လူ (၁၀) ဦး ဒဏ်ရာရရှိ

လက်ဘနွန် မြို့တော် ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲမှုအပြီး ဘေရွတ်လမ်းမတွင် သွားလာနေသူများအား ၂၀၂၀ ခုနှစ် ဩဂုတ် ၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘေရွတ်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

လက်ဘနွန်-ဆီးရီးယားနယ်စပ်အနီးရှိ လက်ဘနွန် လောင်စာသိုလှောင်ရုံတစ်ခုတွင် ဇန်နဝါရီ ၃ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ (၁၀)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုသည် လက်ဘနွန် အရှေ့ပိုင်းHermelဒေသ Al-Qasr ရှိ လောင်စာသိုလှောင်ရုံတစ်ခု၌ ဖြစ်ပွားခဲ့ကြောင်း လက်ဘနွန် ကြက်ခြေနီအသင်း (LRC)အတွင်းရေးမှူးချုပ် George Kettaneh၏ ပြောဆိုချက်ကို ကိုးကား၍ ဒေသခံမီဒီယာများက ဖော်ပြထားသည်။ ပေါက်ကွဲမှုကြောင့် မီးအကြီးအကျယ်လောင်ကျွမ်းမှုများ ဖြစ်ပေါ်ခဲ့ရာ အနည်းဆုံး လူ (၁၀)ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အချင်းဖြစ်နေရာသို့ ကြက်ခြေနီအသင်းက ကယ်ဆယ်ရေးသမားများ စေလွှတ်ထားပြီး ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်ကုသမှုပေးလျက်ရှိကြောင်း သိရသည်။

လက်ဘနွန်-ဆီးရီးယားနယ်စပ်ဒေသတွင် လောင်စာပစ္စည်းမှောင်ခိုရောင်းဝယ်မှုအခြေအနေသည် အလွန်ဆိုးဝါးနေပြီး လောင်စာသိုလှောင်ရုံအများစုသည် ပုဂ္ဂလိကပိုင်များ ဖြစ်ကြောင်း သတင်းများအရ သိရသည်။

လက်ရှိပေါက်ကွဲမှုဖြစ်ပွားစသည့်အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်းမသိရသေးကြောင်းနှင့် ဒေသခံသက်ဆိုင်ရာဌာနများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ (Xinhua)

——————————————-
(Chinese Version)
(国际)黎巴嫩一燃料库发生爆炸致10人受伤
2021-01-04 05:40:06
  新华社贝鲁特1月3日电(记者刘宗亚)黎巴嫩一座位于黎巴嫩-叙利亚边界附近的燃料库3日发生爆炸,造成至少10人受伤。
黎巴嫩媒体援引该国红十字会秘书长乔治•卡塔纳的话报道说,爆炸发生在黎巴嫩东部希尔米勒地区盖斯尔镇的一座燃料库。爆炸引发大火,造成至少10人受伤。红十字会向事发地点派遣救援人员,伤者已被送往医院治疗。
  据报道,黎叙边境地区燃料走私情况严重,事发燃料库为私人所有。
  目前,爆炸原因尚不清楚,当地有关机构已对此展开调查。(完)

图说- 2020年 8月4日,人们走在爆炸后的黎巴嫩首都贝鲁特街头。新华社/美联