Africa & Middle East
ဆီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့ က နိုင်ငံတောင်ပိုင်း Daraa ပြည်နယ် မြို့တော် အား ပြန်လည် သိမ်းပိုက်
ဒမတ်စကပ်စ် ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)
ဆီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့ က ဇူလိုင် လ ၁၂ ရက်နေ့ ညနေပိုင်း အချိန်တွင် နိုင်ငံတောင်ပိုင်း Daraa ပြည်နယ် မြို့တော် Daraa မြို့ al-Balad ဒေသ သို့ ဝင်ရောက် နိုင်ခဲ့ပြီး ယင်းမြို့ စာတိုက် အဆောက်အဦး တွင် ဆီးရီးယား နိုင်ငံ အလံ စိုက်ထူ ခဲ့ကာ တရားဝင် ပြန်လည် သိမ်းပိုက် နိုင်ခဲ့ပြီး ဖြစ်ကြောင်း ဆီးရီးယား နိုင်ငံပိုင် သတင်းဌာန ၏ ဖော်ပြချက်အရ သိရှိရသည်။
Daraa မြို့ အား မသိမ်းပိုက်မီ ရှေ့ တစ်ရက် တွင် ရုရှား နိုင်ငံ ၏ ကြားဝင်ဖြန်ဖြေမှုအရ al-Balad ဒေသ အတွင်းရှိ အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် အဖွဲ့အစည်း က ဆီးရီးယား အစိုးရ တပ်ဖွဲ့ ထံသို့ အကြီးစား နှင့် အလတ်စား လက်နက်များကို အပ်နှံခဲ့ကြောင်း ၊ ၎င်းတို့အနေဖြင့် Daraa မြို့ တွင် ဆက်လက် နေထိုင်ကာ ငြိမ်းချမ်းရေးလုပ်ငန်း တွင် ပါဝင်ခြင်း သို့မဟုတ် အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့ ထိန်းချုပ်ထားသည့် နိုင်ငံတောင်ပိုင်း သို့ ထွက်ခွာခြင်း တို့ကို ပြုလုပ် နိုင်ကြောင်း သိရှိရသည်။
Daraa မြို့ တွင် al-Balad ဒေသ နှင့် al-Mahata ဒေသ ဟူ၍ နှစ်ပိုင်း တည်ရှိပြီး ဆီးရီးယား အရေး စတင် ဖြစ်ပွား ပြီးနောက်တွင် al-Balad ဒေသ အား အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် တပ်ဖွဲ့ က ထိန်းချုပ်ထားခဲ့သည်။
လက်ရှိချိန်တွင် ဆီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့ အနေဖြင့် စစ်ရေးဆောင်ရွက်မှု နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်ခြင်း တို့ဖြင့် Daraa ပြည်နယ် အား အလုံးစုံ ပြန်လည် ထိန်းချုပ် နိုင်ခဲ့ပြီး ဂျော်ဒန် နိုင်ငံ နှင့် ထိစပ် နေသည့် တောင်ပိုင်း နယ်စပ် ဂိတ် ကိုလည်း ထိန်းချုပ် နိုင်ခဲ့ကြောင်း သိရှိရသည်။
Daraa ပြည်နယ် တောင်ပိုင်း ဂျော်ဒန် နိုင်ငံ နှင့် ထိစပ်နေသည့် နယ်စပ် ဒေသ သည် ဆီးရီးယား အရေး စတင်ဖြစ်ပွားရာ ဒေသ ဖြစ်ပြီး အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပွား ခဲ့သည့် ဒေသ ဖြစ်သည်။ ယင်း ဒေသ အား ဆီးရီးယား အရေး ဖြစ်ပွား ပြီးနောက် ကာလတစ်လျှောက် အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် အဖွဲ့အစည်း နှင့် အစွန်းရောက် အဖွဲ့အစည်း တို့၏ ထိန်းချုပ်မှု ကို ခံခဲ့ရကြောင်း သိရှိရသည်။(Xinhua)