Connect with us

Africa & Middle East

အီဂျစ် နိုင်ငံ ကိုင်ရို မြို့ ရှိ ရေနံချက် စက်ရုံ တစ်ခု ပေါက်ကွဲမှု ဖြစ်ပွား အနည်းဆုံး လူပေါင်း ၁၂ ဦး ဒဏ်ရာရရှိ

အီဂျစ် နိုင်ငံ ရှိ ရေနံချက် စက်ရုံ တစ်ခု ပေါက်ကွဲမှု ဖြစ်ပွား ပြီးနောက် ရဲတပ်ဖွဲ့ဝင် များ သွားရောက် နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကိုင်ရို ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

အီဂျစ် နိုင်ငံ ကိုင်ရို အပြည်ပြည်ဆိုင်ရာ လေဆိပ် အနီးရှိ ရေနံချက် စက်ရုံ တစ်ခု က ဇူလိုင်လ ၁၂ ရက် ညပိုင်း အချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ပြီး အနည်းဆုံး လူပေါင်း ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အီဂျစ် နိုင်ငံ သတင်း မီဒီယာ များ၏ ဖော်ပြချက်အရ အီဂျစ် နိုင်ငံ ရှိ ရေနံချက် စက်ရုံ တစ်ခု ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ပြီး မီးလောင်မှု ဖြစ်ပွား ခဲ့ရာ စက်ရုံ အနီးတွင် တည်ရှိနေသည့် လူပေါင်း ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အီဂျစ် နိုင်ငံ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ က ရာသီဥတု လွန်စွာ ပူပြင်းသောကြောင့် အပူချိန် မြင့်တက်ပြီး ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ရခြင်း ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။သတင်းဖော်ပြချက်များ အရ ပေါက်ကွဲမှု ဖြစ်ပွား ပြီးနောက် မီးသတ်တပ်ဖွဲ့ဝင် များက အခင်းဖြစ်ပွားရာ နေရာ သို့ရောက်ရှိခဲ့ပြီး မီးလောင်မှု ကို ထိန်းချုပ် နိုင်ခဲ့ကာ ဒဏ်ရာရရှိသူ များအား ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။အဆိုပါ ပေါက်ကွဲမှုကြောင့် လေဆိပ် ပတ်ဝန်းကျင်ရှိ ကားလမ်းများ ပိတ်ဆို့မှု ဖြစ်ပွား ခဲ့သော်လည်း ကိုင်ရို အပြည်ပြည်ဆိုင်ရာ လေဆိပ် ၏ လည်ပတ်မှု ကို ထိခိုက်စေခြင်း မရှိကြောင်း သိရှိရသည်။(Xinhua)