Connect with us

Africa & Middle East

ကွန်ဂိုနိုင်ငံ (DRC) တွင် ရထားလမ်းချော်မှုကြောင့် အနည်းဆုံး လူ ၅၀ ဦး သေဆုံး

ကွန်ဂိုနိုင်ငံ (DRC) ရှိ ရထားတစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကင်ရှာဆာ၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) တန်ဂါရီကာပြည်နယ် အရှေ့တောင်ပိုင်းတွင် စက်တင်ဘာလ ၁၂ ရက် နံနက်အစောပိုင်းက ကုန်တင်ရထားတစ်စင်း လမ်းချော်မှုကြောင့် လူ ၅၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ပြောခဲ့သည်။

အဆိုပါ ဖြစ်ရပ်တွင် ရထားတွဲချော်မှုမှာ ဒေသစံတော်ချိန် နံနက် ၃း၀၀ နာရီတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လူသားချင်းစာနာထောက်ထားမှု လုပ်ဆောင်ရေးနှင့် စည်းလုံးညီညွတ်ရေးဆိုင်ရာ ပြည်နယ်ဝန်ကြီး မူလန်ဂီ အမ်ပူဒူ နာတာချာ (Mulange Mpudu Natacha) ပြောကြားချက်အရ သိရသည်။

လူသားချင်းစာနာထောက်ထားမှုရေးရာဝန်ကြီး စတိဗ်အမ်ဘီကာယီ (Steve Mbikayi) က သတင်းအချက်အလက်အား အတည်ပြုပြောကြားခဲ့ပြီး ရထားလမ်းချော်မှုတွင် သေဆုံးခဲ့သူများအား ကူညီရန် လိုအပ်သော လုပ်ဆောင်မှုများအား ဆောင်ရွက်ရန် အရေးပေါ်အစည်းအဝေးပြုလုပ်ရန် ညွှန်ကြားခဲ့သည်။

ကွန်ဂိုနိုင်ငံ (DRC) ရထားကွန်ရက်၏ ရထားလမ်း အများအပြားမှာ ကိုလိုနီခေတ်က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ထိန်းသိမ်းမှု အနည်းငယ်သာရှိခဲ့သည်။ ထို့ပြင် မတ်လကလည်း ကာဆိုင်းပြည်နယ်တွင် ကုန်တင်ရထားတစ်စင်း လမ်းချော်မှုဖြစ်ပွားခဲ့ပြီး လူ ၃၂ ဦး သေဆုံးကာ အခြားလူ ၉၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.