Connect with us

Africa & Middle East

တူနီရှားနိုင်ငံ အရှေ့တောင်ပိုင်းတွင် လက်နက်မှောင်ခိုကူးသူ ၄ ဦး ဖမ်းဆီးခံရ

တူနီးရှားနိုင်ငံရှိ စစ်တပ် တပ်ဖွဲ့ဝင်များ ကင်းလှည့်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တူးနစ်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

တူနီးရှားနိုင်ငံ အရှေ့တောင်ပိုင်း Tataouine ပြည်နယ်တွင် စစ်တပ်ကင်းလှည့်နေသည်ကို ပစ်မှတ်ထားကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီးနောက် လက်နက်မှောင်ခိုကူးသူ ၄ ဦး ဖမ်းဆီးခံခဲ့ရကြောင်း တူနီးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁၃ ရက် ညနေပိုင်းတွင် ပြောကြားခဲ့သည်။

Tataouine ပြည်နယ် ရီမာဒါမြို့တွင် စစ်တပ် တပ်ဖွဲ့များက စစ်ဆင်ရေးအတွင်း လမ်းကြမ်းသွားယာဉ်များပေါ်ရှိ လက်နက်မှောင်ခိုကူးသူများအား ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

“စစ်ဆင်ရေးအတွင်း Kalashnikovs လက်နက် ၂ လက်၊ စက်သေနတ် ၁ လက်၊ ဒရုန်း ၁ စင်းနှင့် ခဲယမ်းမီးကျောက်များ ဖမ်းမိခဲ့တယ်” ဟု ကြေညာချက်အရ သိရသည်။

အဆိုပါဖြစ်ရပ် ဖြစ်ပွားပြီးနောက် တူနီးရှား ပြည်ထဲရေးဝန်ကြီးက နိုင်ငံသားများအား စစ်တပ်ဇုန်များနှင့် ကြားခံနယ်မြေများအား ချဉ်းကပ်ခြင်းမပြုကြရန် သတိပေးခဲ့သည်။

တူနီးရှားနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများမှ တရားမဝင် မှောင်ခို ကုန်စည်များ တူနီးရှား ပိုင်နက်အတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းအားထုတ်မှုများအား တိုက်ဖျက်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ (Xinhua)