Africa & Middle East
အီရန်တွင် F-4 လေ့ကျင့်ရေး ဂျက်လေယာဉ် ပျက်ကျမှုကြောင့် လူ ၂ဦး ဒဏ်ရာရရှိ

တီဟီရန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံ အရှေ့တောင်ပိုင်း Sistan နှင့် Baluchestan ပြည်နယ် တွင် ဇူလိုင် ၁၁ရက် နံနက်ပိုင်းက အီရန်နိုင်ငံမှ F-4 လေ့ကျင့်ရေးဂျက်လေယာဉ် တစ်စင်း ပျက်ကျခဲ့ကြောင်း ပြည်တွင်း မီဒီယာက ဖော်ပြခဲ့သည်။
လေယာဉ်ပျက်ကျမှုသည် Sarbaz မြို့ အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လေယာဉ်မှူး ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လေယာဉ်မှူး ၂ဦးသည် လေယာဉ်ပျက်ကျမှုမဖြစ်ပွားခင် လေယာဉ်အားစွန့်ခွာခဲ့ကြောင်း သိရသည်။
ဒေသတွင်း ဆေးကုသရေးတာဝန်ရှိသူတစ်ဦး က လေယာဉ်မှူးတစ်ဦးသည် ၎င်း၏ ခြေထောက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျန်တစ်ဦးမှာ လည်ပင်း၌ ဒဏ်ရာရရှိခဲ့ကြောင်း Tasnim သတင်းဌာနသို့ပြောကြားခဲ့သည်။
လေယာဉ်ပျက်ကျရခြင်းအကြောင်းရင်းကို မသိရှိသေးကြောင်း သိရသည်။ (Xinhua)