Connect with us

Africa & Middle East

တောင်အာဖရိကတွင် လေယာဉ်ငယ်တစ်စီး ပျက်ကျမှုကြောင့် အနည်းဆုံး လူ ၁ ဦး သေဆုံးပြီး လူ ၂၀ ကျော် ဒဏ်ရာရရှိ

ကော့စတာရီကာတွင်ပျက်ကျခဲ့သည့် လေယာဉ်ငယ်တစ်စီးအား တွေ့ရစဉ် (ဆင်ဟွာ)

ဂျိုဟန်နက်စ်ဘာ့ဂ် ၊ ဇူလိုင် ၁၁ ရက်(ဆင်ဟွာ)

လေယာဉ်ငယ်တစ်စီးသည် ဇူလိုင်လ ၁၀ ရက် ညနေပိုင်းတွင် တောင်အာဖရိက

Pretoria မြို့အနီးတွင် ပျက်ကျခဲ့ရာ အနည်းဆုံး လူ ၁ ဦး သေဆုံးပြီး လူ ၂၀ ခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း တောင်အာဖရိက ER24 အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ထိုနေ့တွင် တွစ်တာလူမှုကွန်ရက်မှ ပြောကြားခဲ့သည်။

ထိုလေယာဉ်မှာ Martinair လေကြောင်းကုမ္ပဏီမှဖြစ်ကြောင်း၊ လေယာဉ်သည် Pretoria မြို့အနီး လေယာဉ်ကွင်းတစ်ခုမှ စတင်ပျံ့သန်းပြီးမကြာမီ အဆောက်အဦး တစ်ခုကို တိုက်မိပြီး ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း တောင်အာဖရိက မီဒီယာများ၏ ပြောကြားချက်အရ သိရသည်။

အခင်းဖြစ်နေရာကို သွား၍ အရေးပေါ်ကယ်ဆယ်ရေးပြုလုပ်နေကြောင်း ၊ ဒဏ်ရာပြင်းထန်သူများကို ဂျိုဟန်နက်စ်ဘာ့ဂ် ဆေးရုံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း ER24 အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Russel Meiringက ဆင်ဟွာကို ဖုန်းဖြင့်ပြောကြားခဲ့သည်။

စုံးစမ်းစစ်ဆေးသူများ အခင်းဖြစ်နေရာကို ရောက်ရှိနေပြီဖြစ်ပြီး မကြာမီ လေယာဉ်ပျက်ကျသည့် ကနဦး စုံစမ်းစစ်ဆေးချက်များကို သိရတော့မည်ဖြစ်ကြောင်း တောင်အာဖရိက လေကြောင်း ပို့ဆောင်ရေးအာဏာပိုင်အဖွဲ့၏ ပြောကြားချက်များကို ကိုးကားပြီး အာဖရိက မီဒီယာများက ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.