Africa & Middle East
IS တို့ထိန်းချုပ်ထားသည့် မိုဆူးလ်ဒေသ လွတ်မြောက်ရေးအတွက် အီရတ်အား အီရန်ကူညီမည်
တီဟီရန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)
အီရတ်နိုင်ငံ မြောက်ပိုင်း မိုဆူးလ်မြို့အား IS စစ်သွေးကြွအုပ်စုလက်အောက်မှ လွတ်မြောက်စေရန် အီရတ်အစိုးရ၏ လုပ်ဆောင်မှုအား အီရန်နိုင်ငံက ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Bahram Qasemi က အောက်တိုဘာ ၁၇ ရက်တွင်ပြောကြားခဲ့သည်။
Qasemi က “အကြမ်းဖက်သမားတွေကို အီရတ်နိုင်ငံအတွင်းက မောင်းထုတ်ဖို့ အီရတ်အစိုးရရဲ့ မည်သည့် စစ်ဆင်ရေးကိုမဆို အီရန်နိုင်ငံ က ကူညီထောက်ပံ့ပေးသွားမှာပါ” ဟုပြောကြားခဲ့သည်။
၎င်းက ဆက်လက်၍ “ကျွန်တော်တို့အနေနဲ့ ယခု ကိစ္စကို ထပ်ခါထပ်ခါ ကြေညာထားတဲ့အတွက် အီရတ်နိုင်ငံ ဟာ အကြမ်းဖက်သမားတွေ လက်ကလုံးဝလွတ်မြောက်သွားပြီး နိုင်ငံအတွင်း တည်ငြိမ်မှု တည်ထောင်နိုင်တဲ့အချိန်ထိ အီရတ်အစိုးရ နှင့် ပြည်သူများဘက်က အမြဲအသင့်ရှိနေမည်ဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။
သို့သော်လည်း အီရန်နိုင်ငံသည် အီရတ်နိုင်ငံ၏ နယ်မြေပိုင်ဆိုင်မှု နဲ့ အမျိုးသားရေးအချုပ်အခြာအာဏာကို လေးစားသည့် အနေဖြင့် ၎င်း၏ ပြည်တွင်းရေးများတွင် ဝင်ရောက်စွက်ဖက်သွားမည် မဟုတ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အလယ်ပိုင်းပြည်နယ် များဖြစ်သည့် Salahudin ပြည်နယ် နှင့် Diyala ပြည်နယ် နယ်စပ်ဒေသတစ်လျှောက် ရှိ IS စစ်သွေးကြွများအား တိုက်ထုတ်ရန် အောက်တိုဘာ ၁၇ရက် က စစ်ဆင်ရေးစတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)