Connect with us

Africa & Middle East

အလက်ပိုမြို့တွင် လူသားချင်းစာနာမှုအကူအညီများပေးနိုင်ရန် ယာယီအပစ်အခတ်ရပ်ဆိုင်းထားမည်ဟု ရုရှားကြေညာ

ဆီးရီးယားနိုင်ငံ အလက်ပိုတွင် ဒဏ်ရာရနေသူတစ်ဦးအား အရေးပေါ်ကယ်ဆယ်နေသည်ကို တွေ့ ရစဉ်(ဆင်ဟွာ)

မော်စကို ၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဆီးရီးယားနိုင်ငံ အလက်ပိုမြို့၌ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများပေးနိုင်ရန်အတွက် အောက်တိုဘာလ ၂ဝ ရက်တွင် ၈ နာရီကြာ ယာယီအပစ်အခတ်ရပ်ဆိုင်းထားမည်ဟု အောက်တိုဘာလ ၁၇ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။

အဆိုပါ လူသားချင်းစာနာမှုအတွက် အပစ်အခတ်ရပ်စဲရေးကို အောက်တိုဘာလ ၂ဝ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီ မှ ညနေ ၄ နာရီထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၊ ထိုအချိန်တွင် ရုရှားလေတပ်နှင့်ဆီးရီးယားအစိုးရတပ်ဖွဲ့ဝင်များသည် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်မည်မဟုတ်ကြောင်း ရုရှားနိုင်ငံ စစ်ဆင်ရေးအထူးအဖွဲ့မှူး စစ်ဦးစီးအရာရှိချုပ် Rudskoy က မော်စကိုမြို့၌ ပြောကြားခဲ့သည်။

ရုရှားအစိုးရအနေဖြင့် အပစ်အခတ်ရပ်စဲရန် အသင့်ရှိကြောင်း နှင့် လူအခွင့်အရေးအုပ်စုများက တောင်းဆိုလာသည့်အခါတိုင်း အလက်ပိုမြို့သို့ဆေးဝါးထောက်ပံ့မှုများပြုလုပ်ရန်ရန် ခွင့်ပြုပေးခဲ့ကြောင်း နှင့် ထိခိုက်ဒဏ်ရာရသူများနှင့် နားမကျန်းဖြစ်နေသူများကို ကယ်ဆယ်ရန် ခွင့်ပြုပေးခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

ရုရှားလေတပ် နှင့် ဆီးရီးယားသမ္မတ အာဆတ်ကို ထောက်ခံသည့် ဆီးရီးယားတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သော စက်တင်ဘာလက အမေရိကန်အစိုးရ နှင့် ရုရှားအစိုးရတို့အကြား သဘောတူညီထားခဲ့သည့် အလက်ပိုမြို့အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုကျိုးပေါက်ခဲ့ပြီးနောက်ပိုင်းတွင် ဆီးရီးယားသူပုန်တပ်ဖွဲ့ဝင်များထိန်းချုပ်ထားသည့် အလက်ပိုခရိုင်ကို အပြင်းအထန်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.