Africa & Middle East
တူရကီနိုင်ငံတွင် IS စစ်သွေးကြွဟု သံသယရှိသူ ၈၂ဦးကို ဖမ်းဆီး

အစ္စတန်ဘူလ်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)
တူရကီနိုင်ငံ ရဲတပ်ဖွဲ့က နိုင်ငံခြားသား ၇၇ဦးအပါအဝင် IS စစ်သွေးကြွဟု သံသယရှိသူ ၈၂ဦးကို အစ္စတန်ဘူလ်မြို့၌ ဖေဖော်ဝါရီ ၃ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ပြည်တွင်းမီဒီယာတစ်ခုကဖော်ပြခဲ့သည်။
သံသယရှိသူများသည် IS အကြမ်းဖက်အဖွဲ့အစည်းအမည်ဖြင့် လှုပ်ရှားခဲ့ခြင်း (သို့) ဆီးရီးယား နှင့် အီရတ်နိုင်ငံ ရှိ ပဋိပက္ခဇုန်များသို့ သွားရောက်ခဲ့ခြင်း တို့ကို လုပ်ဆောင်ခဲ့ပြီး အစ္စတန်ဘူလ်မြို့တွင် အကြမ်းဖက်လုပ်ငန်းလုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း နိုင်ငံပိုင် Anadolu သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။
မြို့၏ ခရိုင် ၁၀ခုတွင် ပြုလုပ်ခဲ့သော စီးနင်းမှုများအတွင်း သံသယရှိသူများ နှင့် အတူ များစွာသော စာရွက်စာတမ်းအချက်အလက်များကို ဖမ်းဆီးသိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်း၌ဖော်ပြထားသည်။
တူရကီနိုင်ငံ နှင့် အိမ်နီးချင်းဖြစ်သော ဆီးရီးယား နှင့် အီရတ်နိုင်ငံ တို့မှ IS အကြမ်းဖက်အုပ်စု တိုက်ထုတ်ခံရပြီးနောက် တူရကီသည် IS စစ်သွေးကြွအဖြစ် သံသယရှိသူများကို ပြင်းပြင်းထန်ထန် နှိမ်နင်းလျက်ရှိကြောင်း သိရသည်။ (Xinhua)