Connect with us

Africa & Middle East

ဂါနာ နိုင်ငံ တောင်ပိုင်း တွင် ကားများ ဆင့်တိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၁၄ ဦး သေဆုံး

ကားများ ဆင့်တိုက်မှု ဖြစ်ပွား ခဲ့သည့် ဂါနာ နိုင်ငံ တောင်ပိုင်း Anyinam မြို့ အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps)

အက်ခရာ ၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

ဂါနာ နိုင်ငံ ရဲတပ်ဖွဲ့ က ဂါနာ နိုင်ငံ တောင်ပိုင်း Anyinam မြို့ အနီးတွင် ဖေဖော်ဝါရီ ၂ ရက်နေ့၌ ကားများ ဆင့်တိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၁၄ ဦး သေဆုံး ခဲ့ပြီး လူအများ ဒဏ်ရာရရှိခဲ့ကြောင်း အတည်ပြု ထုတ်ပြန်ခဲ့သည်။

ဂါနာ နိုင်ငံ ရဲတပ်ဖွဲ့ က ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ကုန်တင်ကား တစ်စင်း ၊ ဘတ်စ်ကား တစ်စင်း နှင့် ကားငယ် တစ်စင်း တို့ ဆင့်တိုက်မှု ဖြစ်ပွား ခဲ့ရာ ဘတ်စ်ကား ပေါ်ရှိ ခရီးသည် ၁၄ ဦး မှာ အခင်းဖြစ်ပွားရာ နေရာ တွင် သေဆုံး ခဲ့ရပြီး များစွာ ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ဂါနာ နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ လွန်ခဲ့သည့် တစ်ပတ် တွင်လည်း ယခု အခင်းဖြစ်ပွား သည့် နေရာ အနီးတွင် ယာဉ်တိုက်မှု တစ်ခု ဖြစ်ပွား ခဲ့ပြီး ၉ ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117