Africa & Middle East
အီရတ် နိုင်ငံ တိုက်လေယာဉ် များက ဆီးရီးယား နိုင်ငံ အတွင်းရှိ IS အစွန်းရောက် အဖွဲ့အစည်း များအား ပစ်မှတ်ထား တိုက်ခိုက်
ဘဂ္ဂဒက် ၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)
အီရတ် နိုင်ငံ စစ်ဘက်ဆိုင်ရာ က လေတပ် တပ်ဖွဲ့ တိုက်လေယာဉ် များအနေဖြင့် ဆီးရီးယား နိုင်ငံ အတွင်းရှိ IS အစွန်းရောက် အဖွဲ့အစည်း ၏ တပ်စခန်း တစ်ခု အား ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး အစွန်းရောက် အဖွဲ့ဝင် များကို ရှင်းလင်း နိုင်ခဲ့ကြောင်း သြဂုတ်လ ၁၆ ရက် ၌ ထုတ်ပြန် ကြေညာ ခဲ့သည်။
အီရတ် နိုင်ငံ ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားမှု ဌာန က ထုတ်ပြန် ခဲ့သည့် ကြေညာချက် တွင် သတင်းပေးပို့မှု ကို အခြေခံ၍ အီရတ် နိုင်ငံ လေတပ် မှ F-16 တိုက်လေယာဉ် များက ဆီးရီးယား နိုင်ငံ အတွင်း သို့ ဗုံးကြဲ တိုက်ခိုက်မှု ပြုလုပ်ရန် ထွက်ခွာ ခဲ့ပြီး IS အစွန်းရောက် အဖွဲ့အစည်း ၏ ညွှန်ကြားမှု စခန်း ကို တိုက်ခိုက်နိုင်ခဲ့ကြောင်း ၊ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် သေဆုံး ခဲ့သည့် အစွန်းရောက် အဖွဲ့ဝင်များမှာ ရက်အနည်းငယ် အတွင်း အီရတ် နိုင်ငံ သို့ ဝင်ရောက်၍ အကြမ်းဖက် တိုက်ခိုက်မှု ဆောင်ရွက်ရန် စီစဉ်ထားသူများ ဖြစ်ကြကြောင်း ပါဝင် ခဲ့သည်။
၂၀၁၇ ခုနှစ် ဒီဇင်ဘာလ မှ စတင်၍ အီရတ် နိုင်ငံ သမ္မတ က IS အစွန်းရောက် တပ်ဖွဲ့ အား တိုက်ခိုက်မှု တွင် သမိုင်းတွင်သည့် အောင်မြင်မှု ရရှိခဲ့ကြောင်း ကြေညာချက် ထုတ်ပြန် ခဲ့သော်လည်း အီရတ် နှင့် ဆီးရီးယား နိုင်ငံ နယ်စပ် သဲကန္တာရ ဒေသ များတွင် လက်နက်ကိုင် အဖွဲ့ဝင် များ ဆက်လက်၍ တက်ကြွစွာ လှုပ်ရှားနေခဲ့သည်။ ယခု နှစ်ဆန်းပိုင်း မှ စတင်၍ အီရတ် နိုင်ငံ စစ်ဘက်ဆိုင်ရာ က ဆီးရီးယား နိုင်ငံ အတွင်း ရှိ IS အစွန်းရောက် တပ်ဖွဲ့ တပ်စခန်းများကို အကြိမ်ကြိမ် ဗုံးကြဲ တိုက်ခိုက်မှု ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။(Xinhua)