Connect with us

Africa & Middle East

အာဖဂန်တွင် IS တို့၏ ရေဒီယို စခန်းအား မောင်းသူမဲ့လေယာဉ်ဖြင့် ဖျက်ဆီးနိုင်ခဲ့

အမေရိကန် မောင်းသူမဲ့လေယာဉ်အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂျာလာလာဘတ်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

IS စစ်သွေးကြွအဖွဲ့အား သစ္စာခံထားသည့် ဒေသတွင်း အကြမ်းဖက် အဖွဲ့ ပုန်းအောင်းနေသည့် အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Nangarhar ပြည်နယ် Achine ဒေသရှိ ၎င်းတို့၏ ရေဒီယိုစခန်းအား ဇူလိုင်လ ၁၄ ရက်တွင် မောင်းသူမဲ့ လေယာဉ်ဖြင့် တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့ပြီး စစ်သွေးကြွအချို့ သေဆုံးခဲ့ကြောင်း ပြည်တွင်း မီဒီယာများက ဖော်ပြခဲ့သည်။

Nangarhar ပြည်နယ်ဆိုင်ရာ ပြောရေး ဆိုခွင့်ရှိသူ Attahullah Khogiani ၏ ပြောကြားချက်ကို ကိုးကား၍ Tolo ရုပ်သံက မောင်းသူမဲ့လေယာဉ်၏ တိုက်ခိုက်မှု ကြောင့် IS ရေဒီယို နည်းပညာရှင်များ အပါအဝင် အရေးကြီးသည့် IS စစ်သွေးကြွအချို့ သေဆုံးခဲ့ကြောင်း နံနက်ခင်း သတင်းတွင် ဖော်ပြခဲ့သည်။
IS အဖွဲ့ ဘက်က မှတ်ချက် တစ်စုံတစ်ရာ မပေးသေးကြောင်း သိရသည်။
လုံခြုံရေး တပ်ဖွဲ့ဝင်များသည် Achine ဒေသရှိ IS စစ်သွေးကြွအဖွဲ့၏ ရေဒီယို စခန်းအား အရင်က ဖျက်ဆီးခဲ့သော်လည်း စစ်သွေးကြွများသည် ၎င်းတို့၏ ရေဒီယိုအား ပြန်လည်ပြင်ဆင်ကာ ဝါဒဖြန့်မှုအား ဆက်လက် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.