Africa & Middle East
အီရတ်လုံခြုံရေးတပ်ဖွဲ့က IS လက်နက်ကိုင် ၁၀ ဦး အား သုတ်သင်ရှင်းလင်း
ဘဂ္ဂဒက် ၊ သြဂုတ် ၂၆ ရက်(ဆင်ဟွာ)
အီရတ်လုံခြုံရေးတပ်ဖွဲ့က သြဂုတ် ၂၅ ရက်တွင် အီရတ်နိုင်ငံ ဒုတိယအကြီးဆုံးမြို့ Mosul မြို့အနီးတွင် စစ်ရေး လှုပ်ရှားမှုများပြုလုပ်ခဲ့ရာ IS အစွန်းရောက်လက်နက်ကိုင် ၁၀ ဦး အား သုတ်သင်ရှင်းလင်း ခဲ့ကြောင်း အီရတ်နိုင်ငံ စစ်ဘက်ဆိုင်ရာက ယင်းနေ့ပြောကြားခဲ့သည်။
အီရတ်လုံခြုံရေးတပ်ဖွဲ့သည် သြဂုတ် ၂၅ ရက်တွင် လေကြောင်းအင်အားအကူအညီဖြင့် Mosulမြို့ တောင်ဘက် လှိုဏ်ဂူတွင် ခိုအောင်းနေသည့် IS လက်နက်ကိုင်များကို လျှပ်တစ်ပြတ်ဝင်ရောက် တိုက်ခိုက်ခဲ့ရာ လက်နက်ကိုင် ၁၀ ဦးအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း အီရတ် ပူးတွဲစစ်ဆင်ရေးဌာနက ထုတ်ဖော်ပြောကြားခဲ့သည်။ လွန်ခဲ့သောနှစ် ဒီဇင်ဘာလတွင် အီရတ် ဝန်ကြီးချုပ် al-Abadiက IS ရှင်းလင်းတိုက်ခိုက်ရေးသည် သမိုင်းဝင် အောင်မြင်မှုရရှိခဲ့ကြောင်း ကြေညာခဲ့ပြီး လက်ရှိ အီရတ်နှင့်ဆီးရီးယားနိုင်ငံများ၌ IS အဖွဲ့အဝင် စုစုပေါင်း ၂ သောင်းကျော်ခန့်ရှိကြောင်း ကုလသမဂ္ဂ အစီအရင်ခံစာတစ်စောင်အရ သိရသည်။ (Xinhua)