Africa & Middle East
လစ်ဗျားနိုင်ငံအလယ်ပိုင်းမှ ဓားစာခံ ၆ ဦးကို IS စစ်သွေးကြွများ သတ်ဖြတ်
ထရီပိုလီ ၊ ဒီဇင်ဘာ ၁ဝ ရက်(ဆင်ဟွာ)
လစ်ဗျားနိုင်ငံအလယ်ပိုင်း Fug’ha မြို့၌ လွန်ခဲ့သော ၂ လကျော်က ပြန်ပေးဆွဲခံရသည့် ဓားစာခံ ၆ ဦးကို အိုင်အက်စ်(IS) စစ်သွေးကြွများက သတ်ဖြတ်လိုက်ပြီဖြစ်ကြောင်း လစ်ဗျားအစိုးရအရာရှိတစ်ဦးက ဒီဇင်ဘာ ၉ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
Jufra ခရိုင်အုပ်ချုပ်ရေးမှူး Othman Hasuna က ဒေသတွင်း al-Ahrar လစ်ဗျားရုပ်သံလိုင်းသို့ပြောကြားရာတွင် Jufra ခရိုင် Fug’ha မြို့၌် ပြန်ပေးဆွဲခံရသော ဓားစာခံ ၁ဝ ဦးအနက် ၆ ဦးမှာ အကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်းခံလိုက်ရပြီဟု ဆိုသည်။
Hasuna က Jufra ခရိုင်အဆင့်မြင့်အရာရှိများသည် ဓားစာခံများ လွတ်မြောက်ရေးအတွက် အကြမ်းဖက်သမားများ နှင့် စစ်တပ်အကြား အပြန်အလှန် ညှိနှိုင်းဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
အိုင်အက်စ်တို့သည် လစ်ဗျားနိုင်ငံ ထရီပိုလီမြို့တော်မှ အရှေ့တောင်ဘက် ၆၅ဝ ကီလိုမီတာအကွာ၌ တည်ရှိသော Jufra ဒေသအတွင်းရှိ Fug’ha ကို အောက်တိုဘာလတွင် တိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ရာ လူ ၅ ဦးသေဆုံးခဲ့ရသည်။
အကြမ်းဖက်သမားများက စစ်သားများစွာကို ဖမ်းဆီးခြင်း နှင့် သတ်ဖြတ်ခြင်းများပြုလုပ်ခဲ့ကြောင်း နှင့် ယင်းနေရာမှ မဆုပ်ခွာမီ နေအိမ်များစွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သော ဖေဖော်ဝါရီလတွင် Jufra မြို့အဝင်ဂိတ်၌ အသေခံဗုံးခွဲမှုဖြစ်ပွားခဲ့ရာ စစ်သား သုံးဦးသေဆုံးပြီး မြို့ဝင်ဂိတ်အဆောက်အအုံအပါအဝင် မော်တော်ကားများစွာလည်း ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။(Xinhua)