Connect with us

Africa & Middle East

ဆူဒန် တွင် မြေပြိုမှုကြောင့် ပိတ်မိနေသော မိုင်းလုပ်သား ၁၀ဦးအား ကယ်ဆယ်

ဆူဒန်နိုင်ငံရှိ ရွှေတွင်းတစ်ခုတွင် အလုပ်လုပ်နေသော မိုင်းလုပ်သားများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆူဒန်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)

ဆူဒန်နိုင်ငံမြောက်ပိုင်း တွင် ရွှေတွင်းပြိုကျမှုကြောင့် ဒီဇင်ဘာ ၆ရက်နေ့ကတည်းက ပိတ်မိနေသော မိုင်းလုပ်သား ၁၀ ဦး ကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်း ဆူဒန်နိုင်ငံ သဘာဝတွင်းထွက်အရင်းအမြစ် ကုမ္ပဏီ က ဒီဇင်ဘာ ၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဆူဒန်နိုင်ငံ မြောက်ပိုင်း Nahral-Neel ပြည်နယ်၊ Qabqaba ဧရိယာ ရှိ ရွှေတွင်းတစ်တွင်း ဒီဇင်ဘာ ၆ရက်က ပြိုကျမှုကြောင့် ပိတ်မိနေသည့်မိုင်းလုပ်သား ၁၀ဦး ကို ကယ်ဆယ်ရန် ဒီဇင်ဘာ ၈ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ နှင့် ကုမ္ပဏီ တို့ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကယ်ဆယ်နိုင်ခဲ့သော မိုင်းလုပ်သားများ အား ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပေးခဲ့ပြီး အခြေအနေကောင်းမွန်ကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။

ယင်းဖြစ်စဉ်ကြောင့် ရွှေတူးသမား ၃ဦးသေဆုံးခဲ့ပြီး အခြားလူ ၃ဦး ဒဏ်ရာရရှိခဲ့သည်။

ဆူဒန်နိုင်ငံ၏ စာရင်းအချက်အလက်များအရ ဆူဒန်လုပ်သား ၂သန်းခန့်သည် မိရိုးဖလာ ရွှေတူးလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိပြီး နိုင်ငံ၌ထွက်ရှိသော ရွှေပမာဏ၏ ၉၀ရာခိုင်နှုန်းကို ထုတ်လုပ်ပေးနေကြောင်း သိရသည်။

ဆူဒန်နိုင်ငံသည် ၂၀၁၁ခုနှစ် တွင် တောင်ဆူဒန်ခွဲထွက်သွားပြီးနောက် ၎င်း၏ ရေနံထုတ်လုပ်မှု သုံးပုံ နှစ်ပုံ လျော့ကျသွားမှုကို ကာမိစေရန် ရွှေထုတ်လုပ်မှုမှ ရရှိသည့် ဝင်ငွေအပေါ်မှီခိုနေရကြောင်း သိရသည်။ (Xinhua)