Connect with us

Africa & Middle East

အာဖဂန်နစ္စတန် အရှေ့ပိုင်းတွင် တပ်မှူး ၂ဦးအပါအဝင် ISစစ်သွေးကြွ ၁၀ဦးသေဆုံး

အာဖဂန်နစ္စတန်တပ်ဖွဲ့ဝင် တစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ဂျာလာလာဘတ်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Nangarhar ပြည်နယ် တွင် ဒီဇင်ဘာ ၁၄ ရက်က IS စစ်သွေးကြွ တပ်မှူး ၂ဦးအပါအဝင် အနည်းဆုံး စစ်သွေးကြွ ၁၀ဦး အသတ်ခံရကြောင်း ပြည်နယ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Ataullah Khogyani က ဒီဇင်ဘာ ၁၅ရက်တွင်ပြောကြားခဲ့သည်။

တာဝန်ရှိသူ၏ပြောကြားချက်အရ အစိုးရသည် Haska Mina ခရိုင်ရှိ IS စစ်သွေးကြွများ ပုန်းအောင်းရာနေရာများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး IS စစ်သွေးကြွ တပ်မှူး ၂ဦးဖြစ်သည့် Zahid နှင့် Khalid အပါအဝင် လက်နက်ကိုင် စစ်သွေးကြွ ၁၀ဦးကို ပွဲချင်းပြီး သတ်ဖြတ်နိုင်ခဲ့ပြီး အခြားစစ်သွေးကြွအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။စီးနင်းမှုများအတွင်း တပ်ဖွဲ့ဝင်များ နှင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ၎င်းကပြောကြားခဲ့သည်။IS စစ်သွေးကြွများ ဘက်မှ မှတ်ချက်တစ်စုံတစ်ရာပေးခြင်းမရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.