Connect with us

Africa & Middle East

တရုတ်၊ အာဖဂန်နစ္စတန် နှင့် ပါကစ္စတန်တို့သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်သဘောတူ

တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဝမ်ရိ ၊ အာဖဂန်နစ္စတန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး Salahuddin Rabbani နှင့် ပါကစ္စတန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးShah Mahmood Qureshi တို့ အားအတူတကွတွေ့ ရစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ)

တရုတ် ၊ အာဖဂန်နစ္စတန် နှင့် ပါကစ္စတန်နိုင်ငံတို့သည် အာဖဂန်နစ္စတန်နိုင်ငံ၏ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထောက်ခံရန် ၊ အပြန်အလှန်ချိတ်ဆက်ရေး နှင့် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး တို့ကို အားပေးထောက်ခံသွားရန် ဒီဇင်ဘာ ၁၅ ရက်က သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးသဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

ကဘူးလ်မြို့၌ ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် တရုတ်-အာဖဂန်-ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲအတွင်း အထက်ပါသဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါဆွေးနွေးပွဲသို့တရုတ်နိုင်ငံနိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီးဝမ်ရိ ၊ အာဖဂန်နစ္စတန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး Salahuddin Rabbani နှင့် ပါကစ္စတန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး Shah Mahmood Qureshi တို့တက်ရောက်ခဲ့ကြသည်။

သုံးနိုင်ငံအကြား အနာဂတ်ကာလဆက်ဆံရေးများတိုးတက်ခိုင်မာအောင် ဆောက်ရွက်ရေး ၊ ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှုအောက်တွင် နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်မှု နှင့် ချိတ်ဆက်ဆောင်ရွက်မှုမြှင့်တင်ရေး ၊ အာဖဂန်နိုင်ငံဆိုင်ရာ ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုညီလာခံ နှင့် အခြားဒေသတွင်းစီးပွားရေးဖော်ဆောင်မှုများ ဆောင်ရွက်သွားရေး တို့ကို လုပ်ဆောင်သွားရန် ဆွေးနွေးပွဲပြီးနောက် ထုတ်ပြန်သော ပူးတွဲကြေညာချက်တစ်စောင်အရ သိရသည်။အာဖဂန်ကဦးဆောင်ပြီး အာဖဂန်က ကိုယ်တိုင်ပိုင်ဆိုင်သော ငြိမ်းချမ်းရေးဖြစ်စဉ်သည်သာ အာဖဂန်ပြည်သူများအတွက် အမှန်တကယ်ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်မည့် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း သုံးနိုင်ငံက ထောက်ခံအတည်ပြုခဲ့ကြသည်။ သတင်းအပြည့်အစုံဖတ်ရန် -Link- http://www.xinhuanet.com/english/2018-12/15/c_137676747.htm