Africa & Middle East
IS ကို ချေမှုန်းရန် နိုင်ငံတကာ မဟာမိတ်အဖွဲ့ အီရတ်နိုင်ငံ အနောက်ပိုင်းသို့ လေကြောင်းဖြင့် တိုက်ခိုက် လက်နက်ကိုင် ၆ ဦး သေဆုံး
ဘဂ္ဂဒက်၊ ဇွန် ၆ ရက်(ဆင်ဟွာ)
ISအစွန်းရောက်အဖွဲ့ကို ချေမှုန်းရန် အမေရိကန်ဦးဆောင်သည့် နိုင်ငံတကာမဟာမိတ်အဖွဲ့သည် ဇွန် ၅ ရက်က အီရတ်နိုင်ငံ အနောက်ပိုင်း Al Anbarပြည်နယ်ရှိ IS စခန်းတစ်ခုကို လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ရာ လက်နက်ကိုင် ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အီရတ်၏သတင်းပေးချက်အရ နိုင်ငံတကာမဟာမိတ်တပ်သည် ဇွန် ၅ ရက်က Al Anbarပြည်နယ်ရှိ Ramadi မြို့ အနောက်ဘက် ၁၈၀ ကီလိုမီတာ အကွာရှိ IS စခန်းတစ်ခုအား လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ISလက်နက်ကိုင် ၆ ဦးသေဆုံးခဲ့သလို ၎င်းတို့၏ မော်တော်ယာဉ်ကို လည်း ဖျက်ဆီးနိုင်ခဲ့ ကြောင်း အီရတ် ပူးတွဲစစ်ဆင်ရေးစစ်ဌာနချုပ်က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
၂၀၁၄ ခုနှစ် သြဂုတ်လတွင် အမေရိကန်က အီရတ်ရှိ ISများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှု များ ပြုလုပ်ခဲ့ပြီး ယင်းနှစ် စက်တင်ဘာလတွင် လေကြောင်းတိုက်ခိုက်မှုများ ကျယ်ပြန့်လာရာ ဆီးရီးယား နယ်နိမိတ်အတွင်း ရောက်ရှိခဲ့ပြီး IS ချေမှုန်းရေး နိုင်ငံတကာမဟာမိတ်အဖွဲ့ကို ဖွဲ့စည်း တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။
၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် အီရတ်က IS ချေမှုန်းမှု သမိုင်းဝင် အောင်မြင်မှု ရရှိခဲ့ကြောင်း ကြေညာခဲ့သော်လည် အစွန်းရောက်လက်ကျန်များ ရှိနေဆဲဖြစ်ရာ အခါအားလျော်စွာ တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။(Xinhua)