Connect with us

Africa & Middle East

ယီမင်နိုင်ငံ အေဒင်မြို့၌ သီချင်းဆိုဖျော်ဖြေပွဲတွင် လက်ပစ်ဗုံး တိုက်ခိုက်မှုကြောင့် ကလေးငယ် သေဆုံး

အေဒင်မြို့ ၌ ကျင်းပခဲ့သော သီချင်းဆို ဖျော်ဖြေပွဲတွင် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် တွေ့ ရစဉ် (ဆင်ဟွာ)

အေဒင် ၊ ဇွန် ၇ ရက်(ဆင်ဟွာ)

ယီမင်နိုင်ငံ တောင်ပိုင်း ဆိပ်ကမ်းမြို့တော် အေဒင်၌ ဇွန် ၆ ရက် ညပိုင်းတွင် သီချင်းဆိုဖျော်ဖြေပွဲ တစ်ခု၌ အမည်မသိ သေနတ်တစ်ဦး တစ်ဦးက လက်ပစ်ဗုံးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် တစ်ဦး သေဆုံး သွားခဲ့ကြောင်း လုံခြုံရေး အရာရှိ တစ်ဦးက ဆင်ဟွာသို့ပြောကြားခဲ့သည်။

အဆိုပါ ဖျော်ဖြေပွဲကို အေဒင်မြို့ Mansourah ရပ်ကွက်ရှိ အားကစားကွင်း အတွင်း အစ္စလာမ်ဘာသာဝင်တို့၏ အိဒ် ပွဲတော်ကို ဒေသ အာဏာပိုင်များက ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အမည်မသိ သေနတ်သမားက အားကစားကွင်း၏ အပြင်ဘက်မှ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကလေးငယ် တစ်ဦး သေဆုံးခဲ့ပြီး သီချင်းဆို ဖျော်ဖြေပွဲသို့လာရောက်ကြသော အခြားကလေးငယ်များ နှင့် ၎င်းတို့၏ မိခင် ဖြစ်သူတို့မှာလည်း ဒဏ်ရာများစွာ ရရှိခဲ့ကြောင်း အဆိုပါ အရာရှိက ထည့်သွင်း ပြောကြားခဲ့သည်။

ထိုနောက် လုံခြုံရေး တပ်ဖွဲ့ဝင်များ နှင့် သံချပ်ကာယာဉ်များသည် ကွင်းအတွင်းရှိ ပြည်သူများအား ကာကွယ် စောင့်ရှောက်ရန် အားကစားကွင်း တစ်ဝိုက်တွင် လုံခြုံရေး ရယူလိုက်ကြောင်း သိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်ရပ်သည် မိသားစုများ အကြား အထိတ်အလန့်ဖြစ်စေခဲ့ကာ ကွင်းအတွင်းမှ ချက်ချင်း ထွက်ပြေးခဲ့ကြပြီးနောက် ဖျော်ဖြေပွဲ ဖျက်သိမ်းခဲ့ကြောင်း မျက်မြင်တွေ့ကြုံရသူများ၏ ပြောကြားချက် အရ သိရသည်။

ယင်းဗုံးခွဲ တိုက်ခိုက်မှု အတွက် မည်သည့် အုပ်စုကမျှ တာဝန်ခံခြင်း မရှိသော်လည်း လုံခြုံရေး အရင်းအမြစ် များက အကြမ်းဖက် အဖွဲ့အစည်းများအား ပြစ်တင်နေကြကြောင်း သိရသည်။

ဆိပ်ကမ်းမြို့တော် ဖြစ်သည့် အေဒင်မြို့သည် ဆော်ဒီ ကျောထောက်နောက်ခံ ပြုထားသော ယီမင် အစိုးရက ၂၀၁၅ ခုနှစ် ကတည်းက အခြေစိုက်ခဲ့ပြီး ယီမင် နိုင်ငံ၏ မြို့တော် အဖြစ် ယာယီ သတ်မှတ်ရန် စဉ်းစားထားခဲ့ကြောင်း သိရသည်။

ယီမင် အစိုးရသည် နိုင်ငံအား ထိန်းချုပ်နိုင်ရန် ဆော်ဒီ ဦးဆောင်သော အာရပ် စစ်ရေး ညွှန့်ပေါင်း အဖွဲ့နှင့် မဟာမိတ်ပြုလုပ်ထား၍ အီရန် ထောက်ခံသော ဟူသီရှီအိုက် သူပုန်များကို တိုက်ထုတ်လျက် ရှိသည်မှာ လေးနှစ်ကျော်ပြီ ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.