Connect with us

Africa & Middle East

အီရတ်နိုင်ငံ၌ လေကြောင်း တိုက်ခိုက်မှုကြောင့် IS အကြမ်းဖက် ၁၈ ဦး သေဆုံး

အီရတ် လေတပ်ဖွဲ့ ၏ လေကြောင်း တိုက်ခိုက်မှု တစ်ခုအား တွေ့ ရစဉ်(ဆင်ဟွာ)

ဘဂ္ဂဒက် ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ)

အီရတ်နိုင်ငံ၌ အိုင်အက်စ်(IS) တို့အား စစ်ဆင်ရေးများ အတွင်း အီရတ် လုံခြုံရေး တပ်ဖွဲ့များ နှင့် အမေရိကန် ဦးဆောင်သည့် နိုင်ငံတကာ ညွှန့်ပေါင်း လေတပ်တို့၏ တိုက်ခိုက်မှုများကြောင့် ဇူလိုင် ၃ ရက်တွင် စုစုပေါင်း IS အကြမ်းဖက်သမား ၁၈ ဦး သေဆုံးခဲ့ကြောင်း အီရတ် စစ်ဘက်မှ ပြောကြားခဲ့သည်။

အီရတ်နိုင်ငံ အနောက်ပိုင်း အန်ဘာ(Anbar) ပြည်နယ်တွင် ဆီးရီးယား နှင့် နယ်စပ်ချင်း ထိစပ်နေသည့် သဲကန္တာရ အတွင်း အာကာရှတ်(Akashat) ဒေသ၌ IS အကြမ်းဖက်သမား ပုန်းအောင်းနေရာ တစ်ခုကို အပျော်တမ်း လူမျိုးစု လက်နက်ကိုင်များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ IS အကြမ်းဖက်သမား ၄ ဦး သေဆုံးခဲ့ပြီး ၎င်းတို့၏ ယာဉ်ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ပူးတွဲစစ်ဆင်ရေးဌာနချုပ်(JOC)၏ ပြန်ကြားရေးရုံးမှ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ ယင်းပြည်နယ်တွင် နိုင်ငံတကာ ညွှန့်ပေါင်း လေတပ် လေယာဉ်များကလည်း ဆီးရီးယား နယ်စပ်မျဉ်း အရှေ့ဘက်ရှိ Sneislah ကန်၏ တောင်ဘက် အိုင်အက်စ်(IS)များ ပုန်းအောင်းနေသည့် နေရာကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမား လေးဦး သေဆုံးခဲ့ကြောင်း ကြေညာချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

အိုင်အက်စ်(IS)အကြမ်းဖက်သမားများသည် နယ်စပ် အိမ်နီးချင်း နိုင်ငံများ ဖြစ်သည့် ဆီးရီးယား ၊ ဂျော်ဒန် နှင့် ဆော်ဒီအာရေဗီးယား နိုင်ငံတို့နှင့် ထိစပ်နေသည့် ကျယ်ပြန့်သော အန်ဘာ သဲကန္တာရ အတွင်း လှုပ်ရှားနေဆဲ ဖြစ်ပြီး မကြာသေးမီက အကြမ်းဖက် အုပ်စုများက အရပ်သား အများအပြားကို ပြန်ပေးဆွဲခြင်း သို့မဟုတ် သတ်ဖြတ်ခဲ့ခြင်းများ ရှိခဲ့ကြောင်း သိရသည်။

အီရတ် နိုင်ငံ၏ မြောက်ပိုင်း Nineveh ပြည်နယ်တွင် အီရတ် စစ်တပ်သည် အိုင်အက်စ်(IS)ဆန့်ကျင်သည့် စစ်ဆင်ရေးကို ပြည်နယ် မြို့တော် Mosul ၏ အနောက်ဘက် Sekheirat ဧရိယာတွင် လုပ်ဆောင်ခဲ့ရာ အိုင်အက်စ်(IS) အကြမ်းဖက်သမား ၂ ဦး သတ်ဖြတ်နိုင်ခဲ့ပြီး ၎င်းတို့၏ ယာဉ်အား ဖျက်ဆီးခဲ့ကြောင်း ၊ ထို့ပြင် ဥမင်လိုဏ်ခေါင်း တစ်ခုအား ဖျက်ဆီးခဲ့ပြီး လိုဏ်ခေါင်း အတွင်းမှ အိုင်အက်စ်(IS) အကြမ်းဖက်သမား ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပူးတွဲစစ်ဆင်ရေးဌာနချုပ်(JOC)၏ သီးခြား ကြေညာချက် တစ်ခုတွင် ဖော်ပြထားသည်။

သီးခြား အနေဖြင့်လည်း အမေရိကန် ဦးဆောင်သော ညွှန့်ပေါင်း လေတပ် အဖွဲ့လေယာဉ်များသည် ထောက်လှမ်းရေး သတင်းများ အရ ဆီးရီးယား နယ်စပ် အနီး သဲကန္တာရ ဒေသ အတွင်း al-Munayif တောင်တန်း၏ အနောက်ဘက်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ IS သုံးဦး သေဆုံးပြီး ၎င်းတို့၏ ယာဉ်တစ်စီးကို ဖျက်စီးနိုင်ခဲ့ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.