Connect with us

Africa & Middle East

နိုင်ဂျီးရီးယားနိုင်ငံ၏ စီးပွားရေးအချက်အခြာကျသောမြို့တွင် ရေနံပိုက်လိုင်း ပေါက်ကွဲမှုဖြစ်ပွား၊ သေဆုံးသူများပြားဖွယ်ရှိ

နို်င်ဂျီးရီးယားနိုင်ငံ လာဂို့စ်မြို့ရှိ မီးသတ်တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လာဂို့စ်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ၏ စီးပွားရေးအချက်အခြာကျသော လာဂို့စ်မြို့၏ အရံမြို့တစ်မြို့တွင် ဇူလိုင်လ ၄ ရက်က ရေနံပိုက်လိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ သေဆုံးသူအများအပြားရှိနိုင်ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆင်ဟွာသို့ ပြောခဲ့သည်။

ဓာတ်ဆီသူခိုးများက ပိုက်လိုင်းအား ဖောက်ခွဲကာ လောင်စာဆီသွယ်ယူရန်ပြွန်ဖြင့် ထုတ်ယူရန် ကြိုးပမ်းမှုကြောင့် ယခုကဲ့သို့ ပေါက်ကွဲမှုဖြစ်ပွားရခြင်းဖြစ်ကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောခဲ့သည်။

မီးသတ်ဝန်ထမ်းများက မီးငြှိမ်းသတ်ခဲ့ပြီး သေဆုံးသူစာရင်းများအား စုဆောင်းနေဆဲဖြစ်ကြောင်း အမည်မဖော်လိုသူ ကယ်ဆယ်ရေးအရာရှိတစ်ဦးက ဆင်ဟွာသို့ ဖုန်းမှတစ်ဆင့် ပြောကြားခဲ့သည်။

ပေါက်ကွဲမှုတွင် လူအချို့သေဆုံးခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာရှိ ဒေသခံ Oloruntoyin Kudus က ပြောခဲ့သည်။

ပေါက်ကွဲမှုကြောင့် အမည်မသိသေဆုံးသူ နှစ်ဦး၏ရုပ်အလောင်းအား တွေ့ရှိခဲ့ကြောင်းနှင့် မော်တော်ယာဉ်များ၊ ဈေးဆိုင်များ မီးလောင်ကျွမ်းနေသည်ကို တွေ့ခဲ့ရကြောင်း လာဂို့စ်အခြေစိုက် ရေဒီယိုဌာနများက သတင်းဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.