Africa & Middle East
မော်ရိုကို နိုင်ငံ တွင် အိုင်အက်စ် (IS) အကြမ်းဖက် အဖွဲ့ဝင် များနှင့် ဆက်စပ်သော လူ ၅ ဦး ကို ဖမ်းဆီး
ရာဘတ်၊ စက်တင်ဘာ ၆ ရက် ၊ ဆင်ဟွာ
မော်ရိုကို နိုင်ငံ အလယ်ပိုင်း တွင် စက်တင်ဘာ ၅ ရက် က တစ်ဖက်စွန်းရောက် အိုင်အက်စ် (IS) အကြမ်းဖက် အဖွဲ့ဝင် များနှင့် ဆက်စပ်မှုရှိသော လူ ၅ ဦး ကို တရားဝင်ဖမ်းဆီး ခဲ့ကြောင်း၊ ၎င်းလူ ၅ ဦး၏ အသက်မှာ ၂၇ နှစ် မှ ၄၁ နှစ် ရှိ ကြောင်း မော်ရိုကို ပြည်ထဲရေး ဌာနကဆိုသည်။
မော်ရိုကို မြောက်ပိုင်း Berlcane မြို့နှင့် Nador မြို့ နယ် အနီးအနားတွင် အိုင်အက်စ်(IS) အကြမ်းဖက် အဖွ့ဲ ဝင်များ သွားလာလှုပ် ရှားမှုရှိပြီး ၊ ၎င်းတို့က မော်ရိုကို ၏ အချို့ အရေးကြီးသော နေရာ များ၌ ပေါက်ကွဲ မှု ပစ္စည်းကိရိယာ များ ကို အ သုံ ပြု၍ ထိတ်လန့်တကြား ဝင်ရောက်တိုက်ခိုက်ရန် ကြံစည်ထားမှုကို မော်ရိုကို ပြည်ထဲရေး ဌာနကစုံ စမ်းသိ ရှိခဲ့ကြောင်း ဖော်ပြထားသည်။
မော်ရိုကို မြောက်ပိုင်း အရေးပါအချက်အချာ မြို့ဖြစ်သော ကာဆာဘလန်ကာမြို့ တွင် ၂၀၀၃ နှစ် မေ လ က အကြမ်းဖက် ဝင်ရောက်တိုက်ခိုက်မှုကြောင့် လူ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ၊ ထို့နောက် မော် ရိုကို အစိုးရ က အကြမ်းဖက် မှု ကြိုတင်ကာကွယ် မှုများကို ဆောင်ရွက် ခဲ့ခြင်းကြောင့် ၂၀၀၅ ခုနှစ် မှ ၂၀၁၈ ခုနှစ် ဇွန် လ ထိ အကြမ်းဖက် အဖွ့ဲ ၅၃ ဖွ့ဲ ကို နှိမ်နှင်းနိုင်ခဲ့ပြီး ၊ အဖွဲ့ဝင် ၈၁၅ ဦး အား တရားစီရင်မှု ရုံးသို့ လွှဲ ပြောင်းပေးအပ်နိုင်ခဲ့သည်။ (ဆင်ဟွာ)