Connect with us

Africa & Middle East

အီရတ်နိုင်ငံပြည်သူ့စစ်အဖွဲ့က( I S ) အကြမ်းဖက်အဖွဲ့ဝင် တပ်သား ၅ ဦးကိုပစ်သတ်ခဲ့ကြောင်း

အီရတ်နိုင်ငံပြည်သူ့ စစ်အဖွဲ့ က( I S ) အကြမ်းဖက်အဖွဲ့ ဝင် တပ်သား ၅ ဦးကိုပစ်သတ်ခဲ့ပုံ (အင်တာနက်)

ဘဂ္ဂဒက်၊ စက်တင်ဘာလ ၆ ရက်(ဆင်ဟွာ)

အီရတ်နိုင်ငံပြည်သူ့စစ်အဖွဲ့က ( I S ) အကြမ်းဖက်အဖွဲ့ဝင် တပ်သား ၅ ဦး Salahuddin ပြည်နယ်တွင်ပစ်သတ်ခဲ့ကြောင်း စက်တင်ဘာလ ၅ ရက်က အီရတ်နိုင်ငံ shi ye ပြည်သူ့စစ်အဖွဲ့

၏ပြောကြားချက်အရသိရှိရသည်။

အဆိုပါကြေညာချက်အရ Salahuddin ပြည်နယ်၏ အရှေ့တောင်မြို ့အနီးတစ်ဝိုက်အတွင်း

( I S ) အဖွဲ့နှင့်အပြန်အလှန်ပစ်ခတ်ခဲ့ရာတွင် ( I S ) အကြမ်းဖက်အဖွဲ့ ၃ ဦးသေဆုံးပြီး အီရတ်

နိုင်ငံပြည် သူ့စစ်အဖွဲ့က ( I S ) အကြမ်းဖက်အဖွဲကို ရဟတ်ယာဉ် မှပစ်ခတ်မှုအကူအညီဖြင့်

တိုက်ခိုက်ခဲ့ရာ ယင်းနေရာတွင် ( I S ) အကြမ်းဖက်အဖွဲ့၁ ဦးသေဆုံးပြီး ၊ ပုန်းအောင်းနေသော ၂ ဦးပါသေဆုံးခဲ့ကြောင်းသိရသည်။

အီရတ်နိုင်ငံပြည်သူ့စစ်အဖွဲ့သည် စက်တင်ဘာလ ၄ ရက်နေ့ညက Tour မြို ့အနီးတွင် (I S) အကြမ်းဖက်အဖွဲ့၏ဝင်ရောက်တိုက်ခိုက်မှုကိုခံခဲ့ရပြီး ၂ ဦးဒဏ်ရာရ ၊ ၁ ဦးပျောက်ဆုံးခဲ့ကြောင်း Salahuddin ပြည်နယ်၏ ရဲတပ်ဖွဲ့အရာရှိတစ်ဦးကပြောကြားခဲ့သည်။

အီရတ်နှင့် ( I S) အဖွဲ့များစစ်ပွဲဖြစ်ပွားခဲ့ရာ ၊ အီရတ်လုံခြုံရေးတပ်ဖွဲ့များ က ၂၀၁၇ ဒီဇင်ဘာလ မှစ၍အနိုင်ရရှိခဲ့မှုများရရှိသော်လည်းယခုချိန်အထိပြည်တွင်းတွင်အချို ့(IS)အဖွဲ့တပ်သားများကအခွင့်အရေးယူတိုက်ခိုက် မှုများရှိနေသေးကြောင်းသိရှိရသည်။ (Xinhua)