Africa & Middle East
အီဂျစ် လေကြောင်းလိုင်း မှ MS804 လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူများ အတွက် ယာယီ လျော်ကြေး အဖြစ် ဒေါ်လာ ၂၅,၀၀၀ စီ ပေးအပ်မည်
ကိုင်ရို၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)
အီဂျစ်နိုင်ငံပိုင် လေကြောင်းလိုင်း တစ်ခု ဖြစ်သည့် EgyptAir က ၎င်းသည် အာမခံ ကုမ္ပဏီများနှင့် သဘောတူညီချက် ရယူပြီး MS804 လေယာဉ် ပျက်ကျမှုတွင် သေဆုံးသွားသူ တစ်ဦးစီအတွက် အမေရိကန် ဒေါ်လာ ၂၅,၀၀၀ အား ယာယီလျော်ကြေး အဖြစ် ပေးအပ်သွားမည် ဖြစ်ကြောင်း နိုင်ငံပိုင် Ahram အွန်လိုင်း သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။
အာမခံ ကုမ္ပဏီများက လျော်ကြေးငွေ အပြည့်အဝအား နိုင်ငံတကာ အာမခံ စံချိန်စံညွှန်းများ အရ တွက်ချက် မပြီးခင် ယာယီ လျော်ကြေးအား ပေးအပ်ခြင်း ဖြစ်ကြောင်း EgyptAir ဥက္ကဋ္ဌ နှင့် CEO တစ်ဦး ဖြစ်သူ Safwat Mosallan ၏ ပြောကြားချက်ကို ကိုးကား၍ Ahram က ဖော်ပြခဲ့သည်။
EgyptAir ပိုင်း MS804 လေယာဉ်သည် မေလ ၁၉ ရက်က မက်ဆီဒိုးနီးယား ပင်လယ်တွင် ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်နှင့် လေယာဉ်ဝန်ထမ်း ၆၆ ဦး စလုံး သေဆုံးခဲ့ကြောင်း သိရသည်။
MS804 လေယာဉ် မှ ဘလက်ဘောက်စ် ၂ လုံးအား လွန်ခဲ့သည့် ရက်များက ပြန်လည်ရရှိခဲ့ပြီး အာဏာပိုင်များသည် လေယာဉ်ပျက်ကျရခြင်း အကြောင်းရင်းကို သိရှိရန် ကြိုးပမ်းနေကြောင်း သိရသည်။ (Xinhua)