Connect with us

Africa & Middle East

အာဖဂန်နစ္စတန် တောင်ပိုင်းတွင် မော်တော်ယာဉ်ပေါ်ပါ ခရီးသည်များအား စစ်သွေးကြွများက ပြန်ပေးဆွဲ

တာလီဘန် စစ်သွေးကြွများအား ဖမ်းဆီးထားသည့် ဓားစာခံများနှင့် မေလကုန်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

လက်စ်ခါဂါ၊ အာဖဂန်နစ္စတန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ဟဲလ်မန်ပြည်နယ်တွင် မော်တော်ယာဉ် သုံးစီးအား တာလီဘန် စစ်သွေးကြွ များက ကြားဖြတ်ဖမ်းယူပြီးနောက် အနည်းဆုံး ခရီးသည် ၂၇ ဦး ပြန်ပေးဆွဲခံခဲ့ရကြောင်း သိရသည်။

“ဇွန်လ ၂၁ ရက် အစောပိုင်းက မဟာဂျာ ဈေးတည်ရှိတဲ့ Gereshk ခရိုင် ကဘူးလ်- ဟဲရတ် အဝေးပြေး လမ်းမကြီး တလျှောက်သွား အဝေးပြေး ဘတ်စ်ကား တစ်စီးနှင့် ထရပ်ကား နှစ်စီးအား လက်နက်ကိုင် စစ်သွေးကြွများက ရပ်တန့်ခိုင်းပြီး ခရီးသည်တွေကို အနီးက ကျေးရွာတွေဆီ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တယ်” ဟု အမည်မဖော် လိုသူ လုံခြုံရေး သတင်းရင်းမြစ် တစ်ဦးက ဆင်ဟွာသို့ ပြောသည်။
ပြည်နယ်ဆိုင်ရာ ရဲတပ်ဖွဲ့ အကြီးအကဲ Aqa Noor Kentoz ကလည်း ယင်း သတင်းနှင့် ပတ်သက်၍ အတည်ပြု ပြောကြားခဲ့သည်။
“ ဒီသတင်းကို ကျွန်တော်တို့ရဲ့ လုံခြုံရေး တပ်ဖွဲ့တွေကို အသိပေးထားပြီး တည်နေရာနဲ့ ဖမ်းဆီးထား သူတွေကို ကယ်တင်နိုင်ဖို့ ရှာဖွေရေး လုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်” ဟု Kentoz က ဆင်ဟွာသို့ ပြောသည်။
ထို ပြန်ပေးဆွဲမှုနှင့် ပတ်သက်၍ တာလီဘန် စစ်သွေးကြွအဖွဲ့က ၎င်းတို့၏ လက်ချက် ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားထားသည်။ တာလီဘန် ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးဖြစ်သည့် Qari Yousuf Ahmadi က Gereshk တွင် ယာဉ်သုံးစီးမှ ခရီးသည် ၂၇ ဦးအား စစ်ဆေး မေးမြန်းရန် တာလီဘန် တိုက်ခိုက်ရေးသမားများက ခေါ်ဆောင်သွားခဲ့ကြောင်း မီဒီယာသို့ ပြောကြားထားသည်။
ပြီးခဲ့သည့် လကုန်ပိုင်းကလည်း ကွန်ဒုစ်ပြည်နယ် မြောက်ပိုင်းတွင် ဘတ်စ်ကား သုံးစီးပေါ်မှ လူ ၂၀၀ နီးပါးကို တာလီဘန်များက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး လုံခြုံရေး ဝန်ထမ်းအများစု အပါအဝင် လူ ၁၇ ဦးခန့်အား သတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.