Connect with us

Africa & Middle East

ကင်ညာနိုင်ငံ က ၂၀၁၇ ခုနှစ် ဇူလိုင် မှစ၍ တစ်နေ့လျှင် ရေနံစည် ၂,၀၀၀ တင်ပို့မည်

ကင်ညာနိုင်ငံ မြောက်ပိုင်း လိုကီချာ ချိုင့်ဝှမ်း ရှိ ရေနံတူးဖော်ရေး လုပ်ငန်းခွင်တစ်ခု အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နိုင်ရိုဘီ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

ကင်ညာနိုင်ငံ က ၂၀၁၇ ခုနှစ် ဇူလိုင်လ မှ စ၍ တစ်နေ့လျှင် ရေနံစည်ပေါင်း ၂,၀၀၀ တင်ပို့သွားမည် ဖြစ်ကြောင်း ဇွန်လ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

ကင်ညာနိုင်ငံ သမ္မတ အလုပ်အမှုဆောင်ရုံး ဒုတိယ အရာရှိချုပ် Nzioka Waita က ရေနံ တွင်းထွက်များသည် ကင်ညာနိုင်ငံ မြောက်ပိုင်း လိုကီချာ ချိုင့်ဝှမ်းမှ ထွက်ရှိခြင်း ဖြစ်ကြောင်း နိုင်ရိုဘီမြို့၌ မီဒီယာ အား ပြောကြားခဲ့သည်။

၎င်းက ရေနံပိုက်လိုင်း တည်ဆောက်မှု သည် ၂၀၂၂ခုနှစ်မှသာ ပြီးစီးမည်ဖြစ်သောကြောင့် လက်ရှိ ရေနံဆီ တင်ပို့မှုအား လမ်းမကြီးများ၊ မီးရထားလမ်းများ အသုံးပြု၍ သယ်ယူပို့ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကင်ညာနိုင်ငံသည် ၂၀၁၂ ခုနှစ် မတ်လ တွင် ရေနံထွက်ရှိမှုအား ပထမဆုံးရှာဖွေတွေ့ရှိခဲ့ပြီး ပြန်လည် သန့်စင်နိုင်သည့် ရေနံစိမ်း စည်ပေါင်း သန်း ၇၅၀ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Waita က ကင်ညာနိုင်ငံ သည် ရေနံမှ ရရှိသည့် အကျိုးအမြတ်များအား အများပြည်သူ ဝန်ဆောင်မှု ဆိုင်ရာ လုပ်ငန်းများ တိုးတက်လာစေရန် အတွက် အသုံးချ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက ကင်ညာနိုင်ငံသည် လက်ရှိ၌ ရေနံ တူးဖော်ရေး လုပ်ငန်းတွင် ကျွမ်းကျင် ဝန်ထမ်းများ ရှားပါးနေကြောင်း နှင့် နိုင်ငံ တစ်ဝန်းရှိ နည်းပညာကျောင်း ၁၆၀ မှ ရေနံ တူးဖော်မှု အပိုင်းတွင် ကျွမ်းကျင်သည့် ပြည်တွင်း ပညာရှင်များ ထွက်ပေါ်လာစေချင်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)