Connect with us

Africa & Middle East

အမေရိကန်နှင့် ဒုတိယအကြိမ် နျူကလီးယားဆွေးနွေးပွဲအတွက် အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျီနီဗာသို့ ဦးတည်ထွက်ခွာ

အီရန်နိုင်ငံ မြောက်ပိုင်း Rasht မြို့တွင် ပထမအကြိမ် ကက်စ်ပီယမ်ဒေသအုပ်ချုပ်ရေးအဖွဲ့ဝင်နိုင်ငံများဖိုရမ် ဖွင့်အခမ်းအနား၌ အမှာစကားပြောကြားနေသော အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန Seyed Abbas Araghchi အား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံခြားရေးဝန်ကြီး Seyed Abbas Araghchi သည် အမေရိကန်နှင့် ဒုတိယအကြိမ် တစ်ဆင့်ခံနျူကလီးယား ဆွေးနွေးပွဲနှင့် သံတမန်ရေးရာ သီးခြားတွေ့ဆုံပွဲများအတွက် တီဟီရန်မြို့မှ ဂျီနီဗာမြို့သို့ ဖေဖော်ဝါရီ ၁၅ ရက်၌ ထွက်ခွာခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ဆွေးနွေးပွဲများကို ဖေဖော်ဝါရီ ၁၇ ရက်တွင် ကျင်းပရန် စီစဉ်ထားသလို အိုမန်နိုင်ငံ၏ ကြားဝင်စေ့စပ်ညှိနှိုင်းရေးရုံးနှင့်လည်း ဆွေးနွေးပွဲကျင်းပမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။Araghchi က သံတမန်ရေးနှင့် အထူးကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လာခြင်းဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီး Ignazio Cassis ၊ အိုမန်နိုင်ငံခြားရေးဝန်ကြီး Sayyid Badr bin Hamad Al Busaidi ၊ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ ညွှန်ကြားရေးမှူးချုပ် Rafael Grossi နှင့် ဂျီနီဗာရှိ အခြားတာဝန်ရှိသူများနှင့်လည်း တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။

Araghchi နှင့် အမေရိကန် အထူးသံတမန် စတိဖ် ဝစ်ကော့ဖ်တို့ ဦးဆောင်သော အီရန်နှင့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့များသည် အိုမန်နိုင်ငံ မြို့တော် မက်စ်ကတ်တွင် ဖေဖော်ဝါရီ ၆ ရက်က ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ပထမအကြိမ်ဆွေးနွေးပွဲက “အပြုသဘောလမ်းကြောင်းဘက်ကို နည်းနည်းလေးပိုရောက်” ကြောင်းနှင့် အီရန်အနေဖြင့် ဂျီနီဗာဆွေးနွေးပွဲတွင် သဘောတူညီချက် ရရှိမည်ဟု မျှော်လင့်ချက်များဖြင့် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း နိုင်ငံရေးရာ အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Majid Takht Ravanchi က ဘီဘီစီသတင်းဌာနကို ဖေဖော်ဝါရီ ၁၅ ရက်က ပြောကြားခဲ့သည်။လက်ရှိတွင် အမေရိကန်အနေဖြင့် သဘောတူညီချက်ကို အလေးထားကြောင်းဖော်ပြရန်နှင့် အမေရိကန်၏ ရိုးသားမှုက အောင်မြင်မှုအတွက် လမ်းဖောက်ပေးနိုင်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)
……………………………………..
(English Version)
Iran’s FM heads to Geneva for 2nd round of U.S. nuclear talks
TEHRAN, Feb. 15 (Xinhua) — Iran’s Foreign Minister Seyed Abbas Araghchi left Tehran on Sunday for Geneva for a second round of indirect nuclear talks with the United States, as well as separate diplomatic meetings, the Foreign Ministry said.
The talks are scheduled for Tuesday and will be held with Oman’s “mediation and good offices,” the ministry said in a statement.
Araghchi is leading a “diplomatic and specialized” delegation and is due to meet Swiss Foreign Minister Ignazio Cassis, Omani Foreign Minister Sayyid Badr bin Hamad Al Busaidi, International Atomic Energy Agency Director General Rafael Grossi, and other officials in Geneva.
Iranian and U.S. delegations, headed by Araghchi and U.S. President’s Special Envoy Steve Witkoff, held a first round of talks in the Omani capital Muscat on Feb. 6.
Iran’s Deputy Foreign Minister for Political Affairs Majid Takht Ravanchi told the BBC on Sunday that the first round had moved “more or less in a positive direction” and that Tehran was approaching the Geneva talks in hopes of reaching a deal.
He said it was now up to Washington to show it was serious about an agreement, adding that U.S. “sincerity” could pave the way for a breakthrough.
Photo: Iranian Foreign Minister Seyed Abbas Araghchi speaks during the opening ceremony of the First Caspian Governors’ Forum in the northern city of Rasht, Iran, Nov. 18, 2025. (Xinhua/Shadati)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.