ကဘူးလ်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်တွင် လူသေဆုံးမှုနှင့် နေအိမ်အဆောက်အဦများ ပျက်စီးဆုံးရှုံးမှု မရှိဟု အာဏာပိုင်များက ပြောကြားခဲ့သော်ငြားလည်း နိုဝင်ဘာ ၃၀ ရက်၌ ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့် ကဘူးလ်ရှိ ငြိမ်းချမ်းရေးမှာ တစ်ဖန်ပြန်လည် ပျက်စီးသွားခဲ့ပြီး စစ်မက်ဒဏ်ခံစားနေရသော အာဖဂန်ပြည်သူများအကြား ထိတ်လန့်တကြားဖြစ်ခဲ့ရသည်။
အစ္စတန်ဘူလ်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော အစ္စတန်ဘူလ်တွင် အားပြင်းသော အနောက်တောင်လေမုန်တိုင်း တိုက်ခတ်မှုကြောင့် သေဆုံးသူအရေအတွက်မှာ နိုဝင်ဘာ ၂၉ ရက်၌ ၄ ဦးအထိရှိလာကြောင်း တူရကီအစိုးရက ထုတ်ပြန်ချက်၌ ပြောကြားထားသည်။ ရာသီဥတုဆိုးဝါးသည့် အခြေအနေများကြောင့် နိုင်ငံသား ၁၉ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်းနှင့်...
ဘေရွတ် ၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ) ပြည်တွင်းငွေကြေးစနစ် ပြိုလဲခြင်း နှင့် နေထိုင်မှုအခြေအနေများ ပိုမိုဆိုးရွားခြင်းတို့ကို ဆန့်ကျင်သည်အနေဖြင့် လက်ဘနွန်နိုင်ငံတစ်ဝှမ်း နိုဝင်ဘာ ၂၉ ရက်တွင် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ကြောင်း National News Agency က ဖော်ပြခဲ့သည်။ ဆန္ဒပြသူများသည် စွန့်ပစ်ကွန်တိန်နာများ ၊ ကားတာယာများအား...
ဘေရွတ်၊ နိုဝင်ဘာ ၂၉ ရက်(ဆင်ဟွာ) လက်ဘနွန်နိုင်ငံသို့ ငြိမ်းချမ်းရေးခရီးစဉ်သွားရောက်သည့် အသုတ် ၂၀ မြောက် တရုတ်နိုင်ငံ ဘက်စုံ အင်ဂျင်နီယာတပ်ဖွဲ့သည် ပြီးခဲ့သည့်ရက်က ကုလသမဂ္ဂ၏ ယခုနှစ်နောက်ဆုံး စက်ပစ္စည်းများစစ်ဆေးမှုကို ကဏ္ဍစုံထူးချွန်အဆင့်ဖြင့် အောင်မြင်ခဲ့ကြောင်း သိရသည်။ ယခုအကြိမ်စစ်ဆေးမှုတွင် ပင်မစက်ပစ္စည်းများ၊ ကိုယ်တိုင်ထိန်းသိမ်းမှုရှိစက်ပစ္စည်းများနှင့်အထွေထွေထောက်ပို့ရေးစက်ပစ္စည်းများဟူ၍ သုံးပိုင်းပါဝင်ကြောင်း သိရသည်။ လက်ဘနွန်အခြေစိုက် ကုလသမဂ္ဂယာယီတပ်ဖွဲ့...
ဘရပ်ဆဲလ်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ဥရောပသမဂ္ဂ (EU) သည် ဥရောပ COVID-19 ဗီဇပြောင်းမျိုးစိတ်အသစ် ပျံ့နှံ့ခြင်းကို တားဆီးရန် အာဖရိကတောင်ပိုင်းဒေသမှ လေကြောင်းပျံသန်းမှုများကို “အရေးပေါ်ရပ်နားထားရေး” ကို ပြန်လည်ဆောင်ရွက်လိုကြောင်း ဥရောပကော်မရှင်က နိုဝင်ဘာ ၂၆ ရက်က ပြောကြားခဲ့သည်။
ခါတွမ်း၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ) ဆူဒန်နိုင်ငံ အနောက် Darfur ပြည်နယ်တွင် ယခုရက်ပိုင်းများအတွင်း အကြမ်းဖက်ပဋိပက္ခဖြစ်ပွားမှုကြောင့် အနည်းဆုံး လူ ၄၃ ဦး သေဆုံးခဲ့ပြီး ကျေးရွာ ၄၆ ရွာ လုယက်မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဆူဒန်အခြေစိုက် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA)က နိုဝင်ဘာ ၂၅ ရက်တွင်...
မိုဂါဒစ်ရှူး၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) ဆိုမာလီနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးတွင် နိုဝင်ဘာ ၂၅ ရက် အစောပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူပေါင်းများစွာ သေဆုံးပြီး အခြားသူများလည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် မျက်မြင်သက်သေများက ပြောကြားခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုသည် မိုဂါဒစ်ရှူးမြို့၏ KM4 လမ်းဆုံအနီး...
ကီးယက်၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) ယူကရိန်းမြောက်ဘက် အိမ်နီးချင်း ဘီလာရုဇ်နိုင်ငံ၏ ဒုက္ခသည်အကျပ်အတည်းဖြေရှင်းရေး အတွက် ယူကရိန်း ဥပဒေစိုးမိုးဌာနများက နိုဝင်ဘာ ၂၃ ရက်မှစတင်ကာ ယူကရိန်း-ဘီလာရုဇ်နယ်စပ် ထိန်းချုပ်စီမံမှု ပူးတွဲလှုပ်ရှားမှုများအား စတင် တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း ယူကရိန်းပြည်ထဲရေးဝန်ကြီးဌာန ဝက်ဆိုက်၏ နိုဝင်ဘာ ၂၄ ရက် သတင်းများအရ သိရသည်။...
ဘဂ္ဂဒက် ၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) အီရတ်တပ်ဖွဲ့များအား ပံ့ပိုးကူညီရန် နေထိုင်မည့် အကြံပေးပုဂ္ဂိုလ်အချို့မှလွဲ၍ ပြည်ပတိုက်ခိုက်ရေးတပ်ဖွဲ့များသည် ၁၅ ရက်အတွင်း အီရတ်နိုင်ငံမှ ထွက်ခွာသွားရမည် ဖြစ်ကြောင်း အီရတ် ပူးပေါင်းစစ်ဆင်ရေးဌာနချုပ်(JOC) က နိုဝင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။ ပြည်ပတပ်ဖွဲ့များ တည်ရှိခြင်းကို အဆုံးသတ်ခြင်းသည် အစီအစဉ်အတိုင်း...
ဆောပိုလို၊ နိုဝင်ဘာ ၂၄ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်းရှိ ဆောပိုလိုမြို့ နှင့် မီးနပ်စ် ဂျီရော်ရိုက်စ် ပြည်နယ်များရှိ အနည်းဆုံးမြို့ ၅၈မြို့ သည် COVID-19 ဖြစ်ပွားမှု စိုးရွံ့သောကြောင့် ၂၀၂၂ ခုနှစ် ကာနီဗယ်ပွဲတော် အခမ်းအနားများကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း ဒေသဆိုင်ရာသတင်းစာများက နိုဝင်ဘာ ၂၃...