Connect with us

Africa & Middle East

ဂါဇာတွင် ပါလက်စတိုင်းသေဆုံးသူအရေအတွက် ၃၀,၀၀၀ ကျော်ရှိလာ

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းတွင် ဂါဇာမြို့မှ တောင်ဘက်သို့ဦးတည်သွားနေသော ပါလက်စတိုင်းပြည်သူများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာ၊ ဖေဖော်ဝါရီ ၂၉ ရက် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသတွင် လက်ရှိဖြစ်ပွားနေသော အစ္စရေးတိုက်ခိုက်မှုများကြောင့် သေဆုံးသူအရေအတွက်မှာ ၃၀,၀၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း ပါလက်စတိုင်း ဆေးဘက်ဆိုင်ရာသတင်းရင်းမြစ်များက ဖေဖော်ဝါရီ ၂၉ ရက်၌ ပြောကြားခဲ့သည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း ဂါဇာကမ်းမြောင်ဒေသရှိ နယ်မြေများစွာ၌ အစ္စရေးစစ်လေယာဉ်များနှင့် အမြောက်ပစ်ခတ်မှုများကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ပြီး ဆေးရုံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရင်းမြစ်များက ဆင်ဟွာအား ပြောခဲ့သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် စတင်ဖြစ်ပွားခဲ့သော အစ္စရေး-ဟားမက်စ် ပဋိပက္ခကြောင့် သေဆုံးသူအရေအတွက်မှာ ၃၀,၀၀၀ ကျော်အထိ မြင့်တက်လာခဲ့သလို ဒဏ်ရာရသူ ၇၀,၀၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း သတင်းရင်းမြစ်များ ပြောကြားချက်အရ သိရသည်။ (Xinhua)
…………………………………
(English Version)
Palestinian death toll in Gaza exceeds 30,000: sources
GAZA, Feb. 29 (Xinhua) — The Palestinian death toll in the Gaza Strip from ongoing Israeli attacks has exceeded 30,000, Palestinian medical sources said on Thursday.
The sources told Xinhua that dozens were killed and transported to the hospital in the Gaza Strip as a result of attacks carried out by Israeli warplanes and artillery in various areas of the Strip during the past 24 hours.
The sources said that the casualties have risen to more than 30,000 deaths and more than 70,000 injuries since the Israel-Hamas conflict broke out on Oct. 7, 2023.
Photo: Palestinian people are seen on their way from Gaza City toward the south, in the southern Gaza Strip, on Nov. 18, 2023. (Photo by Rizek Abdeljawad/Xinhua)