ဂျိုဟန္နက်စဗတ်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) တောင်အာဖရိကနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်က ၂၀၂၁ ခုနှစ် ဒေသန္တရ အစိုးရ ရွေးကောက်ပွဲ ရလဒ်များကို နိုဝင်ဘာ ၄ ရက်တွင် ကြေညာခဲ့ပြီး အာဏာရပါတီ ဖြစ်သည့် အာဖရိကန် အမျိုးသား ကွန်ဂရက် (ANC) သည် ကြီးမားစွာရှုံးနိမ့်ခဲ့ကြောင်း...
အာဒစ်အာဘာဘာ၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ) လက်ရှိ အီသီယိုးပီးယားနိုင်ငံ မြောက်ပိုင်းတွင် လုံခြုံရေးအခြေအနေ ရုတ်ခြည်းဆိုးဝါးလာမှုကြောင့် ယနေ့မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာအရ အရေးပေါ်အခြေအနေ ၆ လ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အီသီယိုးပီးယားအစိုးရက အောက်တိုဘာ ၂ ရက်နေ့တွင် ကြေညာခဲ့သည်။
ဘိုဂိုတာ၊ နိုဝင်ဘာ၃ရက် (ဆင်ဟွာ) ကိုလံဘီယာနိုင်ငံတောင်ပိုင်း၊ နာရီနိုပြည်နယ် မာယာမမြို့၌ နိုဝင်ဘာ ၂ ရက်က မြေပြိုမှုဖြစ်ပွားခဲ့ရာ လူ ၆ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နှင့် အနည်းဆုံး လူ ၂၀ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။
လာဂိုစ့် ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ မြို့တော် လာဂိုစ့်မြို့၌ နိုဝင်ဘာ ၁ ရက်က ဆောက်လက်စ ၂၁ ထပ်ရှိ အဆောက်အဦတစ်လုံးပြိုကျမှုဖြစ်စဉ်အတွင်း သေဆုံးသူ အရေအတွက်သည် နိုဝင်ဘာ ၂ ရက်တွင် ၆ ဦးထိ မြင့်တက်သွားပြီဖြစ်ကြောင်း ရှာဖွေရေး နှင့် ကယ်ဆယ်ရေးဆောင်ရွက်နေသည့်...
တီဟီရန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amir Abdollahian က နိုဝင်ဘာ ၂ ရက်တွင် အီရန်နျူကလီးယားသဘောတူညီချက် သို့မဟုတ် JCPOA သို့ပြန်သွားရန် အမေရိကန်၏ အဆင်သင့်ဖြစ်မှုကို မေးခွန်းထုတ်လိုက်ပြီး နျူကလီးယား ဆွေးနွေးပွဲနှင့်ပတ်သက်၍ အမေရိကန်၏ ခုတစ်မျိုးတော်ကြာတစ်မျိုး လုပ်ဆောင်ချက်အား ဝေဖန်ခဲ့သည်။
ကဘူးလ် ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ စစ်ဆေးရုံတစ်ခုသည် နိုဝင်ဘာ ၂ ရက်က အကြမ်းဖက်တိုက်ခိုက်ခံရပြီး အနည်းဆုံး လူပေါင်း ၁၅ ဦးသေဆုံးကာ အခြား အများအပြားထိခိုက်ဒဏ်ရာရသွားကြောင်း ပြည်တွင်း ရုပ်သံလိုင်းတစ်ခုက ထုတ်လွှင့်ပြသခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ) ဆူဒန်နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းသည့် ပြည်တွင်းနှင့်နိုင်ငံတကာ ညှိနှိုင်းဆောင်ရွက်ကြိုးပမ်းမှုများ အားထားလုပ်ဆောင်လျက်ရှိရာ လာမည့်ရက်ပိုင်းအတွင်း ရလဒ်ရရှိလာလိမ့်မည်ဟု မျှော်လင့်ရကြောင်း ကုလသမဂ္ဂအထွေထွေအတွင်ရေးမှူးချုပ်၏ ဆူဒန်ရေးရာ အထူးကိုယ်စားလှယ်နှင့် ဆူဒန်အသွင်ကူးပြောင်းရေးကာလ ကုလသမဂ္ဂအထွေထွေကူညီပံ့ပိုးရေးအဖွဲ့ အကြီးအကဲ Volker Perthesက နိုဝင်ဘာ ၁ ရက် တွင် ပြောကြားခဲ့သည်။ ဆူဒန်အသွင်ကူးပြောင်းရေးအစိုးရ...
အက်ဒစ်အဘာဘာ၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) တီဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦး (TPLF) လက်နက်ကိုင်တပ်ဖွဲ့များက နိုင်ငံမြောက်ပိုင်း Amhara ဒေသရှိ အရပ်သား ၁၀၀ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း အီသီယိုးပီးယားအစိုးရက နိုဝင်ဘာ၁ရက်တွင် ပြောဆိုခဲ့သည်။ အောက်တိုဘာ ၃၁ ရက်ညနေပိုင်းတွင် TPLF လက်နက်ကိုင်တပ်ဖွဲ့များသည် Amhara ဒေသရှိ Kombolecha မြို့အတွင်း...
ဘေရွတ် ၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ) လက်ဘနွန်နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားပြတ်လပ်မှု ကြုံတွေ့နေရချိန်တွင် နိုင်ငံရှိ စွမ်းအင်စီမံကိန်းများတွင် ယင်း၏ ကုမ္ပဏီများအား ပါဝင်ရေး တရုတ်နိုင်ငံက အားပေးတိုက်တွန်းသွားရန် အဆင်သင့်ရှိကြောင်း လက်ဘနွန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Qian Minjian က နိုဝင်ဘာ ၁ ရက်တွင် ပြောကြားခဲ့ကြောင်း လက်ဘနွန်နိုင်ငံရှိ...
ရီယက်ဒ်၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ) နိုင်ငံပေါင်းစုံညွန့်ပေါင်းတပ်သည် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ယီမင်နိုင်ငံ အလယ်ပိုင်း Maribပြည်နယ်၌ လေကြောင်းစစ်ဆင်ရေးလှုပ်ရှားမှုတွင် ဟူတီလက်နက်ကိုင် အနည်းဆုံး ၉၅ ဦးအား ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း ဆော်ဒီအာရေဗျဦးဆောင်သည့် နိုင်ငံပေါင်းစုံညွန့်ပေါင်းတပ်က အောက်တိုဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။