Connect with us

Africa & Middle East

ဂါဇာတွင် အပစ်အခတ်ရပ်စဲရန် အစ္စရေးနှင့် ဆွေးနွေးရန်အသင့်ရှိဟု ဟားမက်စ်ခေါင်းဆောင်ပြော

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ရာဖာမြို့ရှိ ယာယီစစ်ရှောင်စခန်းတွင် ပါလက်စတိုင်းကလေးငယ်များကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာ၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ)
ဟားမက်စ် ခေါင်းဆောင် Ismail Haniyeh က ဂါဇာတွင် အုပ်ချုပ်နေသော ပါလက်စတိုင်း လက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် ဂါဇာ၌ အပစ်အခတ်ရပ်စဲနိုင်မည့် အစီအစဉ် သို့မဟုတ် အဆိုပြုချက် တစ်စုံတစ်ရာအတွက် အစ္စရေးဘက်နှင့် ဆွေးနွေးရန် အသင့်ရှိကြောင်း ဒီဇင်ဘာ ၁၃ ရက်က ပြောကြားခဲ့သည်။

“(အစ္စရေး) အကြမ်းဖက်တိုက်ခိုက်မှုကို အဆုံးသတ်နိုင်မယ့် အစီအစဉ် ဒါမှမဟုတ် အဆိုပြုချက် တစ်စုံတစ်ရာအတွက် ဆွေးနွေးဖို့ ကျွန်တော်တို့ လမ်းဖွင့်ထားပါတယ်” ဟု ဟားမက်စ် ပေါ်လစ်ဗျူရို အကြီးအကဲ Haniyeh က ဟားမက်စ်မိတ်ဖက်ရုပ်သံဖြစ်သော Al-Aqsa TV တွင် ရုပ်မြင်သံကြားမိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့ပြီး ဟားမက်စ်မပါရှိဘဲ ဂါဇာ၏ မည်သို့သော အနာဂတ်အစီအစဉ်ကမျှ အောင်မြင်မည်မဟုတ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။
ဟားမက်စ်အနေဖြင့် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဂါဇာတွင် ချက်ချင်းအပစ်အခတ်ရပ်စဲရေးအတွက် တောင်းဆိုလိုက်သော ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်းနှင့် ဂါဇာပဋိပက္ခ အဆုံးသတ်ရေးအတွက် ဆော်ဒီအာရေဗျနှင့် အာရပ်-အစ္စလာမ်မစ် ပူးတွဲအထူးထိပ်သီးအစည်းအဝေးမှ တာဝန်ပေးအပ်ထားသော ဝန်ကြီးအဆင့်ကော်မတီတို့၏ ကြိုးပမ်းအားထုတ်မှုများကိုလည်း ချီးကျူးပြောကြားခဲ့သည်။
ဟားမက်စ်နှင့် အခြား ပါလက်စတိုင်းအဖွဲ့များကို ချန်လှပ်ထားသော စစ်ဘေးအလွန် မည်သည့် နိုင်ငံရေးအစီအစဉ်မျိုးကိုမဆို ဟားမက်စ်က ငြင်းပယ်ကြောင်း ၎င်းက အတည်ပြုခဲ့သလို ဂါဇာအား အစ္စရေး တိုက်ခိုက်မှုများ ရပ်တန့်ရန် နိုင်ငံတကာဖိအား တိုးမြှင့်ပေးရေးအတွက်လည်း တောင်းဆိုခဲ့ကြောင်း သိရသည်။

ဟားမက်စ်ခေါင်းဆောင် အများအပြားသည် ကာတာနိုင်ငံမှ အမည်မသိသောနေရာသို့ ထွက်ခွာလျက်ရှိကြောင်း၊ လက်ဘနွန်၊ အီရန် သို့မဟုတ် အယ်ဂျီးရီးယား စသည့်နိုင်ငံများသို့ ပြောင်းရွှေ့နိုင်ဖွယ်ရှိကြောင်း အစ္စရေးမီဒီယာများက အစောပိုင်း၌ သတင်းဖော်ပြထားသည်။
အဆိုပါ သတင်းများနှင့်ပတ်သက်၍ ဟားမက်စ်ဘက်မှ အတည်ပြုချက် မရရှိသေးပေ။

အောက်တိုဘာ ၇ ရက်မှစ၍ အစ္စရေးနှင့် ဟားမက်စ်ကြား ပဋိပက္ခကြောင့် လူသေဆုံးမှု အများအပြား ရှိခဲ့သည်။ ဂါဇာဒေသတွင် အစ္စရေးတိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း ၁၈,၆၀၈ ထက်မနည်း သေဆုံးခဲ့ပြီး အခြားသူ ၅၀,၅၉၄ ဦး ဒဏ်ရာရရှိခဲကြာင်း၊ အစ္စရေးတွင်လည်း ဟားမက်စ် တိုက်ခိုက်မှုများကြောင့် လူ ၁,၂၀၀ ခန့် သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ရာဖာမြို့ရှိ ယာယီစစ်ရှောင်စခန်းတွင် ပါလက်စတိုင်းကလေးငယ်များကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ရာဖာမြို့ရှိ ယာယီစစ်ရှောင်စခန်းတွင် ပါလက်စတိုင်းကလေးငယ်များကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ရာဖာမြို့ရှိ ယာယီစစ်ရှောင်စခန်းတွင် ပါလက်စတိုင်းကလေးတစ်ဦးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ရာဖာမြို့ရှိ ယာယီစစ်ရှောင်စခန်းတွင် ပါလက်စတိုင်းကလေးတစ်ဦးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ရာဖာမြို့ရှိ ယာယီစစ်ရှောင်စခန်းတွင် ပါလက်စတိုင်းကလေးတစ်ဦးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ရာဖာမြို့ရှိ ယာယီစစ်ရှောင်စခန်းတွင် ပါလက်စတိုင်းကလေးတစ်ဦးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………………
(English Version)
Hamas leader says ready to discuss with Israel on Gaza ceasefire
GAZA, Dec. 13 (Xinhua) — Hamas leader Ismail Haniyeh said on Wednesday that the Gaza-ruling Palestinian faction is ready to discuss with Israel any arrangement or initiative that could lead to a ceasefire in Gaza.
“We are open to discuss any arrangement or initiative that could end the (Israeli) aggression,” Haniyeh, head of the Hamas political bureau, said in a televised speech aired on Hamas-affiliated Al-Aqsa TV, adding that without Hamas, any arrangement regarding the future of Gaza would not succeed.
Haniyeh said Hamas welcomed the United Nations General Assembly’s resolution demanding an immediate ceasefire in Gaza, and applauded the efforts of Saudi Arabia and the ministerial committee assigned by the Joint Arab-Islamic Extraordinary Summit to end the Gaza conflict.
He confirmed Hamas’s rejection of any post-war political arrangements that exclude Hamas and other Palestinian factions, and urged for increased international pressure to halt Israeli attacks on Gaza.
Earlier, Israeli media reported several Hamas leaders’ departure from Qatar to undisclosed destinations, suggesting potential relocations to countries such as Lebanon, Iran, or Algeria.
No confirmation from Hamas has been obtained regarding these reports.
Israel’s conflict with Hamas since Oct. 7 has resulted in extensive casualties. At least 18,608 Palestinians have been killed and 50,594 others wounded in the Israeli attacks on Gaza and about 1,200 people have died in the Hamas attacks on Israel.
Photo 1, 2, 3: Palestinian children are seen at a temporary shelter in the southern Gaza Strip city of Rafah, on Dec. 13, 2023. (Photo by Yasser Qudih/Xinhua)
Photo 4, 5, 6, 7: Palestinian children are seen at a temporary shelter in the southern Gaza Strip city of Rafah, on Dec. 13, 2023. (Photo by Yasser Qudih/Xinhua)