ကွီတို ၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) အီကွေဒေါနိုင်ငံ အာဏာပိုင်များက Guayaquil မြို့ရှိ အဓိကအကျဉ်းထောင်ကြီးဖြစ်သည့် Litoral Penitentiary ထောင်၌ ဖြစ်ပွားခဲ့သော ပဋိပက္ခတိုက်ခိုက်မှုများအတွင်း သေဆုံးသွားသည့် အကျဉ်းသား ၆၈ ဦးအနက် ၃၄ ဦးကို မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု သမ္မတရုံးဆက်သွယ်ရေးဆိုင်ရာ အတွင်းဝန်ချုပ်က...
ဘဂ္ဂဒက် ၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ) ဘီလာရုဇ်နိုင်ငံ၌ သောင်တင်နေပြီး ၎င်းတို့ ဆန္ဒအလျောက် အီရတ်နိုင်ငံသို့ ပြန်လာလိုကြသည့် အီရတ် ရွှေ့ပြောင်းနေထိုင်သူများအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးနိုင်ရန်အတွက် အရေးပေါ်လေယာဉ်များ စေလွှတ်သွားရန် အီရတ်နိုင်ငံတာဝန်ရှိသူများက နိုဝင်ဘာ ၁၃ ရက်တွင် ဆုံးဖြတ်ခဲ့သည်။ ဘီလာရုဇ်-ပိုလန် နယ်စပ်များတွင် သောင်တင်နေသည့် အီရတ်နိုင်ငံသားများ၏...
ခါတွန် ၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ) ဆူဒန်နိုင်ငံ မြို့တော် ခါတွန်မြို့နှင့် အခြားမြို့များတွင် နိုဝင်ဘာ ၁၃ ရက်က ဖြစ်ပွားသော လူထုဆန္ဒပြပွဲများအတွင်း ဆန္ဒပြသူ ၅ ဦးထက်မနည်း သေဆုံးသွားကြောင်း ဖျက်သိမ်းခံ ဆူဒန်အစိုးရအဖွဲ့၏ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။ အစိုးရအဖွဲ့ဖျက်သိမ်းခြင်း နှင့် အချုပ်အခြာအာဏာပိုင်ကောင်စီသစ်ဖွဲ့စည်းခြင်းအပါအဝင် ဆူဒန်စစ်ဦးစီးချုပ်၏...
ကွီတို ၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ) အီကွေဒေါနိုင်ငံ Guayaquil ဆိပ်ကမ်းမြို့ရှိ Litoral Penitentiary အကျဉ်းထောင်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခတိုက်ခိုက်မှုများအတွင်း သေဆုံးသူအရေအတွက်သည် ၆၈ ဦးထိ မြင့်တက်သွားပြီဖြစ်ကြောင်း အီကွေဒေါနိုင်ငံရှေ့နေချုပ်ရုံးက နိုဝင်ဘာ ၁၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ယင်းပဋိပက္ခတိုက်ခိုက်မှုများသည် သောကြာနေ့ ညပိုင်း နှင့်...
ကဘူးလ်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နာဂါဟာပြည်နယ်တွင် ဝတ်ပြုကိုးကွယ်သူများကို နိုဝင်ဘာ ၁၂ ရက်က ဗုံးခွဲတိုက်ခိုက်မှုကြောင့် သံသယရှိသူ သုံးဦးကို ဖမ်းဆီးထားကြောင်း တာလီဘန်ပြောရေးဆိုခွင့်ရှိသူက နိုဝင်ဘာ ၁၃ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။ “တိုက်ခိုက်မှုအပြီး နာရီပိုင်းအတွင်း သံသယရှိသူတွေကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ သူတို့တွေကို...
ဝါရှင်တန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ကာတာနိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံတွင် အမေရိကန်၏ အကျိုးစီးပွားအတွက် ကိုယ်စားလှယ် ဖြစ်လာမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၂ ရက်နေ့၌ ကြေညာခဲ့သည်။
ဂျလာလာဘတ်၊ အာဖဂန်နစ္စတန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ နာဂါဟာပြည်နယ်၊ စပင်ဂါခရိုင်ရှိ ဗလီတစ်ခုတွင် နိုဝင်ဘာ ၁၂ ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ စုစုပေါင်း လူ ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတာဝန်ရှိသူက ပြောကြားခဲ့သည်။
ဂျေရုဆလင်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ ကာကွယ်ရေး အီလက်ထရွန်နစ် ကုမ္ပဏီ Elbit Systems က တောင်ကိုရီးယား လေတပ်သို့ တိုက်ခိုက်ရေးစစ်လက်နက်များအား လေကြောင်းမှ ပေးပို့ရန် အမေရိကန်ဒေါ်လာ ၇၄ သန်း တန်ဖိုးရှိသော စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း နိုဝင်ဘာ ၁၁ ရက်တွင်...
ကင်ရှာဆာ၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ) ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) အရှေ့ပိုင်း ၊ South Kivu ပြည်နယ် ရှိ Kalehe နယ်မြေတွင် နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းက လှေတိမ်းမှောက်မှု ဖြစ်ပွားပြီးနောက် အနည်းဆုံး လူ ၄၀ ဦး ပျောက်ဆုံးလျက်ရှိကြောင်း...
ခါတွမ်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ) အာဖရိကမြောက်ပိုင်းနိုင်ငံဖြစ်သော ဆူဒန်နိုင်ငံ စစ်ဦးစီးချုပ် Abdel Fattah Al-Burhan သည် အသွင်ကူးပြောင်းရေး အချုပ်အခြာအာဏာ ကောင်စီ တစ်ရပ် ဖွဲ့စည်းကာ ၎င်းက ကောင်စီ ဥက္ကဌအဖြစ်တာဝန်ယူကြောင်း နိုဝင်ဘာ ၁၁ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အမိန့်ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။...