Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း၌ အိမ်ထောင်စု ၄၂၀ အတွက် တရုတ်နိုင်ငံမှ လှူဒါန်းထားသော ပစ္စည်းများဖြန့်ဝေပေး

အာဖဂန်နစ္စတန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

 

ပုံစာ-အာဖဂန်နစ္စတန်နိုင်ငံ၊ Nimroz ပြည်နယ်၌ တရုတ်နိုင်ငံမှ လှူဒါန်းသော ဆန်အိတ်များကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၉ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

 

 

အာဖဂန်နိုင်ငံ အာဏာပိုင်များက တရုတ်နိုင်ငံမှလှူဒါန်းသည့် လူသားချင်းစာနာမှုအကူအညီများကို နိုင်ငံအနောက်ပိုင်း Nimroz ပြည်နယ်ရှိ အိမ်ထောင်စု ၄၂၀ သို့ ဇူလိုင် ၁၉ ရက်၌ ဖြန့်ဝေပေးခဲ့ကြောင်း ဒုက္ခသည်များနှင့် နေရပ်ပြန်ပို့ရေးဆိုင်ရာ ပြည်နယ်ညွှန်ကြားရေးမှူး Abdullah Riaz က ပြောကြားခဲ့သည်။

“အကူအညီလက်ခံရရှိသူတွေထဲမှာ နေရပ်ပြန်လည်ရောက်ရှိလာတဲ့ အိမ်ထောင်စု ၁၀၀ ၊သေဆုံးသူနဲ့ စစ်ကြောင့် မသန်စွမ်းဖြစ်သွားရသူတွေရဲ့စစ်ဘေးရှောင် အိမ်ထောင်စု ၁၀၀ နဲ့ကျန်တဲ့ အိမ်ထောင်စု ၂၄၀ ကတော့ ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူတွေဖြစ်ပါတယ်” ဟု Riaz ကဆင်ဟွာသို့ ပြောသည်။

နွမ်းပါးနေသော မိသားစုတစ်စုလျှင် ဆန် ၅၀ ကီလိုဂရမ်စီ လက်ခံရရှိခဲ့ကြောင်း အဆိုပါတာဝန်ရှိသူက ဖြည့်စွက်ပြောကြားခဲ့သည်။
ယခင်ကလည်း Nimroz ပြည်နယ် နှင့် Herat ပြည်နယ်များရှိ နွမ်းပါးသော မိသားစုများအား တရုတ်နိုင်ငံမှ ထောက်ပံ့သော အကူအညီများကို အာဏာပိုင်များက ဖြန့်ဝေပေးခဲ့သည်။

တရုတ်နိုင်ငံသည် စစ်မက်ဒဏ်ခံစားနေရသော အာဖဂန်နစ္စတန်နိုင်ငံအနေဖြင့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် ပြီးခဲ့သည့် တစ်နှစ်ကျော်ကာလအတွင်း အာဖဂန်နစ္စတန်ပြည်သူများထံသို့ ကာကွယ်ဆေးများ၊ ဆောင်းရာသီအဝတ်အထည်များ၊ အစားအသောက်များနှင့် ရွက်ဖျင်တဲများ အပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………
(English Version)
China-donated aid distributed to 420 families in W. Afghanistan
Afghanistan, July 20 (Xinhua) — Afghan authorities distributed China-donated humanitarian assistance to 420 families in western Afghanistan’s Nimroz province on Wednesday, provincial director for refugees and repatriation affairs Abdullah Riaz said.
“The aid recipients include 100 families from returnees, 100 others from the killed and war-disabled families and the remaining 240 families belong to the internally displaced community,” Riaz told Xinhua.
Each needy family received 50 kg of rice, the official added.
Authorities in the past had also distributed China-supplied assistance to needy families in Nimroz and Herat provinces.
China has provided humanitarian aid including vaccines, winter clothes, foodstuff and tents to Afghans over the past one more year to help war-torn Afghanistan overcome the challenges.
(1)(2)(4)(5)(6)(7) People receive China-donated humanitarian assistance in Nimroz province, Afghanistan, July 19, 2023. (Photo by Azizi/Xinhua)
(3)Photo taken on July 19, 2023 shows China-donated rice in Nimrod province, Afghanistan, July 19, 2023.(Photo by Aziz/Xinhua)