တီဟီရန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) အီရန်နိုင်ငံမှ ရေနံတင်သွင်းခြင်း အပေါ် အမေရိကန်နိုင်ငံ ၏ တားမြစ်ခြင်းအား ဆန့်ကျင်ရန် အီရန်နိုင်ငံမှ အိန္ဒိယနိုင်ငံအား တိုက်တွန်းခဲ့ကြောင်း Press TV က စက်တင်ဘာ ၁၀ ရက်တွင် ထုတ်လွှင့်ခဲ့သည်။
ဘဂ္ဂဒတ် ၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့တောင်ပိုင်းရှိ ရှီယိုက်ဘာသာဝင်တို့၏ အထွဋ်အမြတ် ကာဘလာမြို့(Karbala)၌ လူအုပ်ပိမိမှုတစ်ခုအတွင်း စက်တင်ဘာ ၁ဝ ရက်တွင် အနည်းဆုံး ရှီယိုက်ဘုရားဖူး ၃၁ ဦးသေဆုံးပြီး အခြား ၁ဝဝ ကျော်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အီရတ်ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
ကဘူးလ် ၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ အမေရိကန်သံရုံးအနီးတွင် ယနေ့( စက်တင်ဘာ ၁၁ ရက် ) နံနက်အစောပိုင်းတွင် အလွန်ပြင်းထန်သော ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းအရင်းအမြစ်များအရ သိရသည်။
ရာဘတ်၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ) မော်ရိုကိုနိုင်ငံတွင် လူ ဒါဇင်နှင့်ချီတင်ဆောင်လာသည့် ခရီးသည်တင်ယာဉ်တစ်စီးသည် ရေစီးချောင်းထဲမျောပါမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မော်ရိုကိုအစိုးရ သတင်းမီဒီယာ၏ စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်သည့် သတင်းများအရသိရသည်။
ထရီပိုလီ ၊ စက်တင်ဘာ ၁ဝ ရက်(ဆင်ဟွာ) လစ်ဗျားနိုင်ငံ ထရီပိုလီမြို့တော် တောင်ပိုင်းတွင် ပြီးခဲ့သော သုံးရက်အတွင်း ကုလသမဂ္ဂက ကျောထောက်နောက်ခံပြုထားသော အစိုးရတပ်ဖွဲ့ဝင် ၂ဝဝ ကျော် သေဆုံးခဲ့ကြောင်း လစ်ဗျားအရှေ့ပိုင်းအခြေစိုက် သူပုန်တပ်ဖွဲ့က ယနေ့( စက်တင်ဘာ ၁ဝ ရက်) အစောပိုင်းတွင် ပြောကြားခဲ့သည်။
ဘဂ္ဂဒက်၊စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံမြောက်ပိုင်း Nineveh ပြည်နယ်၌ စက်တင်ဘာ ၈ ရက်တွင် အမေရိကန်ဦးဆောင်သောတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုအတွင်း (IS) အိုင်အက်စ်အစွန်းရောက် အစ္စလာမ်မစ်တပ်ဖွဲ့ဝင် ၈ ဦးသေဆုံးခဲ့ကြောင်း အီရတ်စစ်တပ်၏ ထုတ်ပြန်ချက် အရသိရသည်။
ရီယာ့ဒ် ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ) ဆော်ဒီအာရေးဗျဘုရင် ဆယ်လ်မန်ဘင်အဗ္ဗဒူလာဇဇ်အယ်ဆော့( Salman bin Abdulaziz Al Saud) သည် စွမ်းအင်ဝန်ကြီးဌာနဝန်ကြီးအား ရာထူးမှ ထုတ်ပယ်သည့် အမိန့်တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်း ဆော်ဒီသတင်းအေဂျင်စီက ယနေ့(စက်တင်ဘာ ၈ ရက်) တွင် သတင်းဖော်ပြခဲ့သည်။
ရာဘတ်၊ စက်တင်ဘာ ၆ ရက် ၊ ဆင်ဟွာ မော်ရိုကို နိုင်ငံ အလယ်ပိုင်း တွင် စက်တင်ဘာ ၅ ရက် က တစ်ဖက်စွန်းရောက် အိုင်အက်စ် (IS) အကြမ်းဖက် အဖွဲ့ဝင် များနှင့် ဆက်စပ်မှုရှိသော လူ ၅ ဦး ကို တရားဝင်ဖမ်းဆီး...
ဘဂ္ဂဒက်၊ စက်တင်ဘာလ ၆ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံပြည်သူ့စစ်အဖွဲ့က ( I S ) အကြမ်းဖက်အဖွဲ့ဝင် တပ်သား ၅ ဦး Salahuddin ပြည်နယ်တွင်ပစ်သတ်ခဲ့ကြောင်း စက်တင်ဘာလ ၅ ရက်က အီရတ်နိုင်ငံ shi ye ပြည်သူ့စစ်အဖွဲ့ ၏ပြောကြားချက်အရသိရှိရသည်။
ဟာရာရီ၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) ဇင်ဘာဘွေနိုင်ငံ ခေါင်းဆောင်ဟောင်း ရောဘတ် မူဂါဘီ (Robert Mugabe) သည် အသက် ၉၅ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းရင်းမြစ်များစွာက စက်တင်ဘာလ ၆ ရက်တွင် ဖော်ပြခဲ့သည်။