Connect with us

Africa & Middle East

စိမ်းလန်းသော CPEC က ပါကစ္စတန်နိုင်ငံက ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိ

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်ရှိ Karot ရေအားလျှပ်စစ်စီမံကိန်းအား ဧပြီ ၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - CTG/Handout via Xinhua)

အစ္စလာမ်မာဘတ်၊ ဇွန် ၄ ရက် (ဆင်ဟွာ)

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) ထပ်မံတိုးတက်မှုများရှိလာသဖြင့် ရာသီဥတုပြောင်းလဲမှု သက်ရောက်မှုများ လျော့ကျရန် ပါကစ္စတန်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နိုင်ကြောင်း ပါကစ္စတန် ကျွမ်းကျင်ပညာရှင်များက ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံ Hub ခရိုင်ရှိ စွမ်းအင်စက်ရုံပြင်ပတွင် ဒေသခံတစ်ဦးအား ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုမူဝါဒအင်စတီကျု (SDPI) နှင့် ပါကစ္စတန်-တရုတ် အင်စတီကျုတို့မှ ကြီးမှူးကျင်းပသော “အစိမ်းရောင် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ မဟာမိတ်” ဟူသော နှစ်ရက်ကြာပြုလုပ်သောပွဲနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ရင်းနှီးမြှုပ်နှံမှုများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအတွင်း ကျွမ်းကျင်ပညာရှင်များနှင့် တာဝန်ရှိသူများက CPEC နှင့် ပါကစ္စတန်ရှိ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံ၏ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အထက်လွှတ်တော်ကော်မတီ ဥက္ကဋ္ဌ အထက်လွှတ်တော်အမတ် Seemi Ezdi က ပါကစ္စတန်နိုင်ငံသည် ရာသီဥတုပြောင်းလဲခြင်းကို ၈ ကြိမ်မြောက် အဆိုးဝါးဆုံးဒဏ်ခံရသောနိုင်ငံဖြစ်ပြီး ပြည်ပမှတင်သွင်းသော ဓာတ်ငွေ့အပေါ် မှီခိုမှုသည် အခြေအနေကို ဆိုးဝါးစေကြောင်း ပြောကြားခဲ့သည်။

CPEC သည် နိုင်ငံအတွင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖော်ဆောင်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး စွမ်းအင်လိုအပ်ချက်များ ပြည့်မီစေရန်အပြင် ရာသီဥတုပြောင်းလဲခြင်း သက်ရောက်မှု လျော့ကျစေရေး ကြိုးပမ်းအားထုတ်မှုများကိုလည်း အထောက်အကူပြုစေမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

ထို့ပြင် SDPI ရှိ တရုတ်နိုင်ငံဆိုင်ရာ လေ့လာရေးစင်တာ အကြီးအကဲ Hina Aslam ကလည်း CPEC သည် အလုပ်အကိုင်ဖန်တီးပေးခြင်း၊ ဝင်ငွေတိုးပွားစေခြင်း၊ အခြေခံအဆောက်အအုံ အဆင့်မြှင့်တင်ခြင်း၊ စွမ်းရည်တိုးတက်စေခြင်း၊ ပညာရေးနှင့် အခြားကဏ္ဍမှတစ်ဆင့် ပါကစ္စတန်နိုင်ငံအား အထောက်အကူပြုပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံက သန့်စင်တဲ့စွမ်းအင်ကူးပြောင်းရေးမှာ ဦးဆောင်နေပါတယ်။ ဂေဟ-လူမှုစနစ်တိုးတက်မှု အယူအဆသည် ဤကူးပြောင်းမှု၏ အဓိကမောင်းနှင်အားများအနက် တစ်ခုဖြစ်ကာ CPEC သို့ ဆောင်ကြဉ်းပေးနိုင်ခဲ့ပါတယ်။ ပြီးတော့ တကယ်လို့ CPEC ဟာ စိမ်းလန်းလာမယ်ဆိုရင် ရပ်ဝန်းနှင့်ပိုးလမ်းမ အစပျိုးဖော်ဆောင်မှု (BRI) မှာရှိတဲ့အခြားနိုင်ငံတွေကိုလည်းပဲ ကြီးမားပြီး အပြုသဘောဆောင်တဲ့ အခင်းအကျင်း ယူဆောင်ပေးနိုင်ပါလိမ့်မယ်” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

ပါကစ္စတန်နိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အားရရှိမှုနည်းပါးခြင်းကြောင့် တစ်ရက်တာမှာ ၁၀ နာရီကျော်အထိ လျှပ်စစ်မီးပြတ်တောက်မှုနှင့် ရင်ဆိုင်နေရချိန်အား ကျွမ်းကျင်ပညာရှင်များက ပြန်ပြောင်းအောက်မေ့လျက် CPEC သည် နိုင်ငံ၏ စက်မှုလုပ်ငန်းထုတ်လုပ်မှု အဆင်ပြေချောမွေ့စေရန် ကျောက်မီးသွေးလောင်စာသုံး စွမ်းအင်စက်ရုံများမှတစ်ဆင့် ပြဿနာကို ကိုင်တွယ်ဖြေရှင်းခဲ့သည်။

ယင်းမှာ CPEC ကျောက်မီးသွေးစက်ရုံများက အထူးအရေးကြီးသောနည်းပညာကို အသုံးပြုလျက်၊ ဒေသန္တရနှင့် ကမ္ဘာ့စံချိန်စံနှုန်းများနှင့် ကိုက်ညီမှုရှိသောထုတ်လွှတ်မှုဖြစ်စေရန် ဆောင်ရွက်လျက်ရှိကြောင်း မှတ်ချက်ပြုခဲ့သည်။

ရာသီဥတုပြောင်းလဲခြင်းသည် ပါကစ္စတန်နိုင်ငံတွင် ဖိအားအများဆုံးကိစ္စများ အနက် တစ်ခုဖြစ်ကြောင်းနှင့် CPEC အနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍနှင့် အခြားသောဆောင်ရွက်မှုများ၌ ရင်းနှီးမြှုပ်နှံမှုများတစ်ဆင့် ရာသီဥတုပြောင်းလဲခြင်း တိုက်ဖျက်ရေး တိုက်ပွဲကို အောင်နိုင်ရန် အထောက်အကူပြုမည်ဖြစ်ကြောင်း ဆယ်စုနှစ်တစ်ခုအတွင်း ယင်းကဏ္ဍ၌ လုပ်ကိုင်ခဲ့သော စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သော Muhammad Ali Qureshi က ဆိုသည်။

“ကျွန်တော်တို့အနေနဲ့ တရုတ်နိုင်ငံရဲ့ အတွေ့အကြုံကို ယူပြီးတော့ ဂေဟ-စက်မှုဥယျာဉ်တွေ တည်ဆောက်ရေး ဖြစ်နိုင်ခြေတွေကို လေ့လာနေပါတယ်” ဟု ၎င်းက ပြောခဲ့သည်။ ယင်းစိတ်ကူးအကြံဉာဏ်သည် ပါကစ္စတန်နိုင်ငံအား စီးပွားရေးတိုးတက်မှု ရရှိရေးကို အထောက်အကူပြုသည်သာမက အလုံးစုံနှင့် ရေရှည်တည်တံ့သော စက်မှုလုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွင်လည်းပဲ အကျိုးရလဒ်ရှိခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(English Version)
Green CPEC to play vital role in Pakistan’s efforts against climate change

Source: Xinhua

Editor: huaxia

2022-06-04 10:10:15
ISLAMABAD, June 4 (Xinhua) — As the China-Pakistan Economic Corridor (CPEC) further advances, it can play an important role in the country’s effort to mitigate climate change effects, said Pakistani local experts.

During a two-day event “Green China Pakistan Economic Corridor Alliance” and a workshop to mobilize renewable energy investments for sustainable development held here by the Sustainable Development Policy Institute (SDPI) and Pakistan-China Institute, experts and officials discussed the CPEC and green development in Pakistan.

Senator Seemi Ezdi, chairman of the country’s upper house’s committee on climate change, said Pakistan is the 8th most vulnerable country to climate change, and the country’s dependence on imported gas is making the situation worse.

She added that the CPEC is playing an important role in introducing renewable energy in the country, which will help the country in its efforts to mitigate the impact of climate change besides meeting its energy demands.
Hina Aslam, head of the China Study Center at the SDPI, said that the CPEC helps Pakistan through job creation, income growth, infrastructure upgrading, skill development, education and more.

“China is leading a transition in clean energy. The concept of eco-civilization is one of the major drivers of this transition that could be brought into the CPEC. And if the CPEC can go green, it can bring an enormous positive showcase for the other BRI countries as well,” she added.

The experts recalled the time when the country was facing up to 10 hours of power outages a day due to a lack of electricity, and the CPEC addressed the problem through coal-fired power plants which helped the country facilitate its industrial production.

It was noted that CPEC coal plants are using supercritical technology, enabling them to ensure the emissions meet the local and the world standards.

Muhammad Ali Qureshi, an energy expert working in the sector for over a decade, told Xinhua that climate change is one of the most pressing issues in Pakistan, and the CPEC can help the country win its battle against climate change through investments in the renewable sector and other measures.

“We could leverage from the experience of China, looking into the possibility of establishing the eco-industrial parks,” he said, adding that the idea could not only help Pakistan achieve economic growth but result in an inclusive and sustainable industrial development.■
Photo 1 : Aerial photo taken on April 9, 2022 shows a view of the Karot Hydropower Project in Punjab province, eastern Pakistan. (CTG/Handout via Xinhua)
Photo 2 : Photo taken on Oct. 21, 2019 shows local residents stand outside a power plant in Hub, Pakistan. (Xinhua/Ahmad Kamal)