ဘဂ္ဂဒက်၊ ဇွန် ၆ ရက်(ဆင်ဟွာ) ISအစွန်းရောက်အဖွဲ့ကို ချေမှုန်းရန် အမေရိကန်ဦးဆောင်သည့် နိုင်ငံတကာမဟာမိတ်အဖွဲ့သည် ဇွန် ၅ ရက်က အီရတ်နိုင်ငံ အနောက်ပိုင်း Al Anbarပြည်နယ်ရှိ IS စခန်းတစ်ခုကို လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ရာ လက်နက်ကိုင် ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဂတ်ဘရွန်း၊ ဇွန် ၅ ရက် (ဆင်ဟွာ) ဘော့စ်ဝါနာနိုင်ငံရှိ ဂေဟစနစ်ခရီးသွားလုပ်ငန်းကုမ္ပဏီတစ်ခုက နမီးဘီးယားနိုင်ငံ၊ ဇမ်ဘီးယားနိုင်ငံနှင့် ဇင်ဘာဘွေနိုင်ငံတို့ရှိ ၎င်းတို့၏ လုပ်ငန်းများတွင် တစ်ခါသုံးပလတ်စတစ်သုံးစွဲမှု ဖယ်ရှားပြီး ဧည့်သည်များအတွက် ပြန်လည် အသုံးပြုနိုင်မည့်ပုလင်းများ ထောက်ပံ့ပေးမည့်အစီအစဉ်အား ဇွန်လ ၃ ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။
ကိုင်ရို၊ ဇွန် ၅ ရက် (ဆင်ဟွာ) ဆူဒန်နိုင်ငံ ၏ မြို့တော် ခါတွန် သို့ ဇွန် ၃ ရက်နှင့် ၄ ရက်တွင် ပျံသန်းမည့် အီဂျစ် နိုင်ငံ၏ အမျိုးသားလေကြောင်းEgyptAir လေယာဉ်နှစ်စီး ခရီးစဉ် များကိုဖျက်သိမ်းခဲ့ကြောင်း အီဂျစ်လေကြောင်းလိုင်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ထရီပိုလီ၊ ဇွန် ၅ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းတွင် ဇွန်လ ၄ ရက်အစောပိုင်းက ကယ်ဆယ်ရေးတစ်ခုပြုလုပ်ခဲ့ရာ ရွှေ့ပြောင်းနေထိုင်သူ ၄၅ ဦးအား ကယ်ဆယ်ခဲ့ရကြောင်း လစ်ဗျားရေတပ်က ဇွန် ၄ ရက်က ကြေညာခဲ့သည်။
ဂျေရုစလမ် ၊ ဇွန် ၅ ရက်(ဆင်ဟွာ) အစ္စရေး နိုင်ငံသို့ ယခုနှစ် ဇန်နဝါရီလမှ မေလ အထိ တရုတ်နိုင်ငံသား ခရီးသွားများ ဝင်ရောက်လည်ပတ်မှု အရေအတွက်မှာ ယခင်နှစ် အလားတူ ကာလထက် ၅၁ ရာခိုင်နှုန်းခန့်မြင့်တက်လာကြောင်း ဗဟိုစာရင်းအင်းဗျုရိုမှ ဇွန် ၄ ရက်တွင် သိရသည်။
တီဟီရန် ၊ ဇွန် ၅ ရက် (ဆင်ဟွာ) အီရန် နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင် အလီ ခါမေနီ (Ali Khamenei) က ဇွန်လ ၄ ရက် ၌ တီဟီရန် မြို့ တွင် ကျင်းပ ပြုလုပ်သည့် အခမ်းအနား တစ်ခုတွင်...
လာဂိုစ့် ၊ ဇွန် ၄ ရက်(ဆင်ဟွာ) နိုင်ဂျီးရီးယား ၊ ချတ်ဒ် ၊ ကင်မရွန်း နှင့် နိုင်ဂျာ နိုင်ငံတို့မှ တပ်ဖွဲ့များ ပူးပေါင်း စစ်ဆင်ရေး ပြုလုပ်ခဲ့ပြီးနောက် အနည်းဆုံး အကြမ်းဖက် သမား ၂၀ ဦး သေဆုံးခဲ့ကြောင်း နိုင်ဂျီးရီးယား စစ်ဘက် ပြောရေးဆိုခွင့်...
တီဟီရန်၊ ဇွန် ၄ ရက်(ဆင်ဟွာ) အီရန်နှင့် တောင်းဆိုချက်မရှိ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားလိုသည်ဟုဆိုသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို (Mike Pompeo) ၏ ပြောကြားချက်သည် တုန့်ပြန်သည့်အနေဖြင့် အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ရာ ၎င်းမှာ စကားလုံး အလှတန်ဆာဆင်ဂိမ်းကစားခြင်းသာဖြစ်ပြီး...
ဂါဇ်နီ ၊ အာဖဂန် ၊ ဇွန် ၂ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ဂါဇ်နီပြည်နယ်(Ghazni) ၌ ရဲစခန်းတစ်ခုအား ကားတစ်စင်းဖြင့် အသေခံဗုံးခွဲဝင်ရောက်တိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးပြီး အခြား ၇ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ဇွန် ၂ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ကုလသမဂ္ဂ ၊ ဇွန် ၁ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံ ၏ မြို့တော် ထရီပိုလီ တွင် တိုက်ပွဲများဖြစ်ပွားခဲ့သည့်အတွင် ပြီးခဲ့သည့် နှစ်လ အတွင်း နေအိမ်စွန့်ခွါ၍ ထွက်ပြေးသူ အယောက် ၉၀,၀၀၀ ကျော်ရှိကြောင်း ကုလသမဂ္ဂ က မေ ၃၁ ရက် တွင်...