ဂျေရုဆလမ် ၊ ဧပြီ ၄ ရက်(ဆင်ဟွာ) ဂျေရုဆလမ်မြို့နေပြည်သူများသည် မတ် ၃၀ ရက်တွင် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့(IDF) ထံမှ သတိပေးချက်တစ်ခုလက်ခံရရှိခဲ့ကြပြီး “ဒုံးကျည်များအတွဲလိုက်ဝင်ရောက်လာမည့် လေ့ကျင့်မှုတစ်စိတ်တစ်ပိုင်းအဖြစ်” မြို့တော်တစ်ခုလုံးတွင် ဥဩဆွဲသံများ ကြားခဲ့ကြရသည်။ ဖြစ်တောင်းဖြစ်ခဲဟုဆိုသော်ငြားလည်း မြို့တော်ဆီ ပစ်မှတ်ထားသည့် ဒုံးကျည်ပစ်ခတ်မှုကို တစ်ခါတစ်ရံကြုံတွေ့ရတက်သည်။ ယင်းမြို့တော်၌ နောက်ဆုံးဥဩဆွဲသံကြားခဲ့ရသည့်အချိန်မှာ အစ္စရေး နှင့်...
ဟဲဖေ၊ ဧပြီ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အန်းဟွေးပြည်နယ် ထွန်ရှီး၌ ကျင်းပသည့် တတိယအကြိမ်မြောက် အာဖဂန်အိမ်နီးချင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် အာဖဂန်အိမ်နီးချင်းနှင့် အာဖဂန် ကြားဖြတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးများ ပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင် အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ဝမ်ရိက အစည်းအဝေးအရေးကြီးသဘောတူညီချက်၊...
ကဘူးလ်၊ မတ် ၃၁ ရက် (ဆင်ဟွာ) “ကျွန်တော်တို့ ဓာတ်ပုံပြခန်းရဲ့ ရည်ရွယ်ချက်ကတော့ ဖိနှိပ်ချုပ်ခြယ်ခံရသော အာဖဂန်ပြည်သူများ၏ အကျပ်အတည်းကို ကမ္ဘာ့အသိုင်းအဝိုင်းထံ ခင်းကျင်းပြသဖို့နဲ့ အမေရိကန်ကထိန်းချုပ်ထားတဲ့ အာဖဂန်နစ္စတန်ရဲ့ ပိုင်ဆိုင်မှုတွေ ပြန်ပေးရေး အကူအညီပေးဖို့ ကမ္ဘာ့အသိုင်းအဝိုင်းကို တိုက်တွန်းဖို့ပဲ ဖြစ်ပါတယ်” ဟု အာဖဂန် ဓာတ်ပုံဆရာ Zirak Malyar...
နိုင်ရိုဘီ၊ မတ် ၃၁ ရက်(ဆင်ဟွာ) အာဖရိက ဦးချိုဒေသတွင် ဆိုးဝါးသည့် မိုးခေါင်ရေရှား ဖြစ်ပွားမှုကြောင့် အီသီယိုးပီးယား၊ ကင်ညာနှင့် ဆိုမာလီယာနိုင်ငံများတွင် လူပေါင်း ၁၃ သန်း စားနပ်ရိက္ခာမလုံလောက်မှုဒဏ် ပြင်းထန်စွာ ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ ညှိနှိုင်းရေးရုံး(OCHA)က ယခုရက်ပိုင်းတွင် ပြောကြားခဲ့သည်။ ကင်ညာနိုင်ငံ အရှေ့ပိုင်း Kilifi...
စကော့ဂျီ ၊ မတ် ၂၉ ရက်(ဆင်ဟွာ) မြောက်မက်ဆီဒိုးနီးယားနိုင်ငံသည် ရုရှားသံတမန် ၅ ဦးအား မကြိုဆိုထိုက်သူများအဖြစ် ကြေညာခဲ့ကြောင်း မြောက်မက်ဆီဒိုးနီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၂၈ ရက်တွင် ပြောကြားခဲ့သည်။
မွမ်ဘာဆာ (ကင်ညာ)၊ မတ် ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဆက်သွယ်ရေးလမ်းကြောင်း ဆောက်လုပ်ရေးကုမ္ပဏီလုပ်ငန်းအဖွဲ့ကတာဝန်ယူတည်ဆောက်သည့် ကင်ညာနိုင်ငံ မွန်ဘာဆာ ရေနံတင်သင်္ဘောဆိပ်ကမ်း စီမံကိန်းသည် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ တွင် တရားဝင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဧပြီတွင် သက်ဆိုင်ရာသို့လွှဲပြောင်းပေးအပ်ကာ စတင်အသုံးပြုတော့မည်ဖြစ်ကြောင်း သိရသည်။ တစ်ချိန်တည်းမှာပင်...
ပေကျင်း၊ မတ် ၂၇ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျဦးဆောင်သည့် နိုင်ငံပေါင်းစုံညွန့်ပေါင်းတပ်က မတ် ၂၅ ရက်ညပိုင်းမှ ၂၆ ရက် နံနက်အထိ ယီမင် ဟူသီလက်နက်ကိုင်များ၏ ယီမင်မြို့တော် ဆာနာနှင့် အနောက်ပိုင်းဆိပ်ကမ်းမြို့ ဟူဒေးဒါရ်ရှိ ပစ်မှတ်အများအပြားကို လေကြောင်းတိုက်ခိုက်ခဲ့သည်။ ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၇ ဦးသေဆုံးခဲ့ကြောင်း...
ကဘူးလ်၊ မတ် ၂၄ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အိမ်စောင့်အစိုးရ၊ ပညာရေးဝန်ကြီးဌာနက ပညာသင်နှစ်အသစ်ကို မတ်၂၃ ရက်က စတင်ခဲ့ပြီး အာဖဂန် ကလေးငယ် သန်းပေါင်းများစွာသည် စာသင်ကျောင်းများသို့ သွားရောက်နေပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။
ကဘူးလ်၊ မတ် ၂၂ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံအတွင်း အိုင်အက်စ် (IS) တည်ရှိနေသည်ဟူသော အမေရိကန် တပ်မှူးတစ်ဦး၏ ပြောကြားချက်မှာ အခြေအမြစ်မရှိကြောင်း အာဖဂန်နစ္စတန် အိမ်စောင့်အစိုးရက ပယ်ချလိုက်သည်ဟု ဒေသတွင်းမီဒီယာက မတ် ၂၁ ရက်၌ သတင်းဖော်ပြခဲ့သည်။
ဘူဒါပတ်/ဝါဆော ၊ မတ် ၂၁ ရက်(ဆင်ဟွာ) လေယာဉ်ပေါ်တွင် ဗုံးတစ်လုံးပါသည်ဟူသော သတင်းပေးပို့ချက်လက်ခံရရှိခဲ့ပြီးနောက်တွင် ဟန်ဂေရီတိုက်ခိုက်ရေးဂျက်လေယာဉ်များသည် အရပ်သားလေယာဉ်တစ်စင်းအား ကြားဖြတ်ဟန့်တားမှုပြုလုပ်ရန် မတ် ၁၉ ရက် ညပိုင်းက အသင့်အနေအထား လုပ်ဆောင်ခဲ့ရကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ မတ် ၂၀ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အရပ်ဘက်သုံးလေယာဉ်တစ်စင်းဖြစ်သည့် Airbus A321 လေယာဉ်ကြောင့်...