Africa & Middle East
ရုရှား မိုင်းရှင်းလင်းရေး တပ်ဖွဲ့ဝင်များသည် ဆီးရီးယားနိုင်ငံ Palmyra မြို့ဟောင်းနားရှိ ဗုံး အလုံး ၁၂၀ အား ရှင်းလင်းနိုင်ခဲ့
မော်စကို၊ ဧပြီ ၅ ရက် (ဆင်ဟွာ)
ရုရှား မိုင်းရှင်းလင်းရေး တပ်ဖွဲ့ဝင်များသည် ဆီးရီးယားနိုင်ငံ၏ သမိုင်းဝင် Palmyra မြို့ဟောင်း အစွန်အဖျားရှိ ဗုံး အလုံး ၁၂၀ နှင့် ၁.၁ ကီလိုမီတာ ရှည်လျားသည့် လမ်းမတစ်လျှောက် ရှင်းလင်းနိုင်ခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဋ္ဌာနက ဧပြီလ ၄ ရက်တွင် ပြောကြားခဲ့သည်။
မိုင်းရှင်းလင်းရေး ကိရိယာများနှင့် မိုင်းရှာခွေးများကို အသုံးပြု၍ ရုရှား မိုင်းရှင်းလင်းရေး တပ်ဖွဲ့ဝင်များသည် လမ်းမများ၊ လမ်းဆုံများ၊ လမ်းဘေးရှိ အဆောက်အအုံများ၊ အခြေခံ အဆောက်အအုံကြီးများတွင် တပ်ဆင်ထားသည့် မပေါက်ကွဲသေးသည့် မိုင်းများအား ရှာဖွေ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
Palmyra မြို့ဟောင်း၏ ဆင်ခြေဖုံးဒေသများသို့ မိုင်းရှင်းလင်းရေး တပ်ဖွဲ့ ၂ ဖွဲ့အား ဖြန့်ကျက် စေလွှတ်ခဲ့ ကြောင်း သိရသည်။
ရုရှား နိုင်ငံ သမ္မတ ဗလာဒီမာ ပူတင် နှင့် ကာကွယ်ရေးဝန်ကြီး Sergey Shoigu တို့သည်ဆီးရီးယားမှ ရုရှားတပ်ဖွဲ့ဝင် အများစု နှင့် ကျွမ်းကျင် ပညာရှင်များအား ပြန်လည် ခေါ်ယူပြီးနောက် အဆိုပါ ဖြန့်ကျက်မှု ပြုလုပ်ရန် ညွှန်ကြား ခဲ့ကြောင်း သိရသည်။ (Xinhua)