Connect with us

Africa & Middle East

ပင်လယ်ကွေ့နိုင်ငံများနှင့် ဆက်ဆံရေး ပြန်လည် စေ့စပ်ညှိနှိုင်းရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ စီစဉ်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ အားတွေ့ရစဉ် (ဆင်ဟွာ)

ရီယတ်၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီနှင့် ပင်လယ်ကွေ့နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများသည် ယခု တစ်ပတ်အတွင်း ဘာရိန်းနိုင်ငံ မနားမားမြို့၌ တွေ့ဆုံရန်ရှိကြောင်း ပင်လယ်ကွေ့နိုင်ငံများဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ကောင် စီ (GCC) ၏ အထွေထွေအတွင်းရေးမှူး ဒေါက်တာ အဗ္ဗဒူလာတိဖ် အယ်လ်ဇေယာနီက ဧပြီလ ၃ ရက်က ကြေညာခဲ့သည်။

ဆော်ဒီအာရေဗျနိုင်ငံ ရီဟတ်မြို့တွင် ဧပြီလ ၂၁ ရက်၌ ပြုလုပ်မည့် ပင်လယ်ကွေ့နိုင်ငံများ- အမေရိကန် (Gulf- U.S) ထိပ်သီး အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ဧပြီလ ၄ ရက်တွင် တွေ့ဆုံမည် ဖြစ် သည်။

ပြီးခဲ့သည့်နှစ်က အီရန်နှင့် နျူကလီးယား သဘောတူညီမှု ရရှိခဲ့ပြီးသည့်နောက် အာရပ်ခေါင်းဆောင်များနှင့် တွေ့ဆုံရန် အမေရိကန် သမ္မတ ဘားရတ် အိုဘားမားသည် ဆော်ဒီအာရေဗျနိုင်ငံသို့ ဧပြီလအတွင်း လာရောက်ရန် ရှိကြောင်း အိမ်ဖြူတော်က မတ်လအတွင်းက ကြေညာခဲ့သည်။

ယခုအစည်းအဝေးသည် ပင်လယ်ကွေ့နိုင်ငံများ- အမေရိကန် ဆက်ဆံရေး ဖွံ့ဖြိုးရန်အတွက် ၂၀၁၅ ခုနှစ် မေလက ကျင်းပခဲ့သည့် Camp David ထိပ်သီး အစည်းအဝေး၌ ဖွဲ့စည်းခဲ့သည့် အလုပ်အဖွဲ့၏ ရလဒ်အား ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဒေါက်တာ အယ်လ်ဇေယာနီက ပြောသည်။

ထို့ပြင် ဆွေးနွေးပွဲ၌ ဆီးရီးယား၊ ယီမင်၊ အီရတ်၊ လစ်ဗျားနိုင်ငံများ၏ ဒေသတွင်း ပဋိပက္ခများနှင့် အကျိုးစီးပွား မျှဝေရေးဆိုင်ရာ ခေါင်းစဉ်များအား ဆွေးနွေးသွားဖွယ်ရှိကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.