Connect with us

Asia

ကိုမိုလန်မာ တောင်ခြေစခန်း၌ အသက် ၈၆နှစ်အရွယ် နီပေါတောင်တက်သမား သေဆုံး

အသက် ၈၆နှစ်အရွယ် နီပေါတောင်တက်သမား Min Bahadur Sherchan အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ခတ္တမန္ဒူ၊ မေ ၇ ရက် (ဆင်ဟွာ)

ကမ္ဘာအသက်အကြီးဆုံး ကိုမိုလန်မာ (Qomolangma) တောင်တက်သမားဘွဲ့ကို ပြန်လည်သိမ်းပိုက်နိုင်ရန် ကြိုးစားခဲ့သော နီပေါနိုင်ငံမှ အသက် ၈၆နှစ်အရွယ် Min Bahadur Sherchan အမည်ရှိ တောင်တက်သမားသည် မေလ ၆ရက် ညနေပိုင်းတွင် တောင်ခြေစခန်း၌သေဆုံးသွားခဲ့ကြောင်း သိရသည်။

Summit Nepal Trekking မန်နေဂျင်းဒါရိုက်တာ Shivraj Thapa က တောင်ခြေစခန်းတွင် ဒေသစံတော်ချိန် ညနေ ၅း၁၄နာရီ၌ Sherchan သေဆုံးသွားခဲ့ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။တောင်တက်ခွင့်ပါမစ် ထုတ်ပေးသော နီပေါနိုင်ငံ ခရီးသွားလုပ်ငန်းဋ္ဌာနမှ တာဝန်ရှိသူများက Sherchan သေဆုံးခြင်းနှင့် ပတ်သက်၍ အတည်ပြုခြင်းမရှိသေးကြောင်း သိရသည်။Thapa က Sherchanကို စစ်ဆေးရန်အတွက် ဆရာဝန်တွေ က စစ်ဆေးရေးအဖွဲ့ ကို ဖွဲ့စည်းနေပြီး ၎င်း သေဆုံးရခြင်း၏ နောက်ကွယ်မှအကြောင်းရင်းကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

၎င်း က Sherchan သည် တောင်တက်ရန် ဧပြီ ၁၆ ရက် ကထွက်ခွာလာခဲ့ကြောင်း ပြောကြားခဲ့သည်။Sherchan အား နီပေါနိုင်ငံ အနောက်ပိုင်း Myagdi ခရိုင်တွင်း မွေးဖွားခဲ့ပြီး ၂၀၀၈ခုနှစ်တွင် ကိုမိုလန်မာ (Qomolangma) တောင်ထိပ်ပေါ်သို့ တက်ရောက်နိုင်ခဲ့ကာ အသက်၇၆နှစ်ဖြင့် တောင်ထိပ်ပေါ်သို့ တက်ရောက်ခဲ့သော အသက်အကြီးဆုံး တောင်တက်သမားဖြစ်လာခဲ့ကြောင်း သိရသည်။သို့သော် လွန်ခဲ့သည့် ငါးနှစ်က ဂျပန်တောင်တက်သမား ယူအီချီရို မီအူရာ က အသက် ၈၀နှစ်အရွယ်တွင် တောင်ထိပ်ပေါ်သို့ တက်ရောက်ခဲ့ပြီး Sherchan ၏ အသက်အကြီးဆုံး တောင်တက်သမားဘွဲ့ ကို ချိုးဖျက်ခဲ့ကြောင်း သိရသည်။ထိုကတည်းက စ၍ Sherchan သည် အသက်အကြီးဆုံး တောင်တက်သမားဘွဲ့ ပြန်လည်ရရှိရန် ကြိုးစားနေခဲ့ကြောင်း သိရသည်။ (Xinhua)